ကိုယ့်အတွေးလေးနဲ့ကိုယ် ပျော်ပြီး ခြံထဲဝင်လာတာ တကယ့်နေရာကိုဖြတ်ရအုန်းမည်။အလာတုန်းကအတိုင်း အသက်ရှုအောင့် ခြေဖျားထောက်ကာ အိမ်ထဲဝင်လိုက်သည်။ ဝန်ဘင်းနဲ့ လျှောက်လည်ခဲ့တဲ့ ညဈေးတန်းထက်တောင် သူ့အခန်းပေါ်တက်ရမဲ့ လှေကားက ပိုရှည်နေသလို။
အဖေတို့ အခန်းကိုဖြတ်ရတဲ့နေရာက သူကို့လောကကြီးနဲ့ခဏတာ အဆက်သွယ်ပြတ်စေသလိုမျိူး ဘာမှခေါင်းထဲမှာမရှိတော့ တစ်လှမ်းချင်းလှမ်းပြီး လျှောက်နေရင်း လှေကားကိုရောက်သွားတော့သည်။
သူ့အဖြစ်က ကိုယ့်အိမ်ထဲမှာတောင်သူခိုးဝင်လာသမျိုးလေး လျှောက်နေရတာ ၊ လှေကားတတ်ရတာ ဒီချိန်ကအကြာဆုံးပဲ လက်တစ်ဖက်က သူ့ရဲ့ brachioလေးကို ပိုက်ပြီး တက်နေတာ၊
နောက်ဆုံးမှာတော့ သူ့အခန်းရှေ့ထိရောက်ပြီးနေပြီ ၊ တံခါးကို ဖွ"လေးဖွင့်ပြီး သူကိုယ်ပိုင်ကမ္ဘာငယ်လေးထဲရောက်မှ ချန်းယောင်းတစ်ယောက် သက်ပြင်းချကာ လေပူတွေမှုတ်ထုတ်လိုက်နိုင်တော့သည်။
အချိန်က မနက်3နာရီတောင်ထိုးတော့မှာမို့ သူအိပ်ချင်နေပြီ ၊ pajamas ကိုမြန်"လဲပြီး အိပ်ဖို့ပြင်တော့သည်။ ဝန်ဘင်းပြောတာတွေကို တစ်ခုမှမမေ့ ပြတင်းပေါက်တွေပိတ် လိုက်ကာတွေဆွဲပြီး လူကလဲ စောင်ပုံထဲမှာ ခေါင်းလေးသာဖော်ထားသည်။
ဝန်ဘင်းအကြောင်းတွေးလိုက်တာမို့ သူ့ကိုယ်သူတောင် မသိဘဲ ပြုံးမိလိုက်တဲ့နှုတ်ခမ်းတွေ ၊ ကြောက်မိသည်..ထိုလူအပေါ် အများကြီး နစ်ဝင်ပြီး သဘောကျမိသွားမှာကို ၊ သူ့ရဲ့ဂရုစိုက်မှုတွေပေါ် နစ်ဝင်သွားရင် နောက်ပိုင်း သူပဲစိတ်ထိခိုက်ရမှာကို အလိုလိုသိနေမိတာ.၊
အတွေးလွန်ရင် ခေါင်းခြောက်ပြီး အိပ်မပျော်တော့တာမို့ မြန်"ပဲအတွေးတွေကိုလက်စသတ်ကာ မျက်လုံးမှတ်လိုက်တော့သည်။ သူ့ဘေးမှာတော့ brachio အစိမ်းရောင်လေးကို ထောင်ထားလိုက်သည်။
_____________________________
စာမေးပွဲဖြေဖို့ 3ရက်လောက်ပဲ လိုတော့တာမို့ အရင်ကထက်စာကို ပိုလုပ်ဖြစ်သည်။ဒီ3ရက်ပြီးရင် သူ့ရဲ့ပျင်းရိစရာကောင်းလွန်းတဲ့ အထက်တန်းကျောင်းသားဘဝ ကတစ်ခန်းရပ်ပြီဖြစ်သည်။ uni life ကိုလဲအများကြီးမတွေးထားမိ..၊သူ့တွက်တော့ ဘာမှမပြောင်းလဲတဲ့ အတ္ထုပတ္တိကြီးပဲ ဖြစ်နေမှာအသေချာ။
YOU ARE READING
𝓼𝓽𝓻𝓪𝔀𝓫𝓮𝓻𝓻𝔂 𝓪𝓷𝓭 𝓬𝓲𝓰𝓪𝓻𝓮𝓽𝓽𝓮𝓼[𝚠𝚘𝚗𝚝𝚘𝚗]
Fanfictionlike strawberry and cigarettes start date - 17.10.2023 End date - ???