ep-(6)

291 22 1
                                    

ချန်းယောင်းထင်တဲ့ အတိုင်းသူ့ကိုခေါ်လာသည့်နေရာက ညဈေးပင်။ ပြန်လှည့်ပြီး အိမ်ပြန်မယ်လုပ်တော့ သူ့လက်ကိုဆွဲထားတဲ့ ပတ်ဝန်ဘင်း ..

"နေပါအုန်း..ကိုယ်မင်းကိုခေါ်လာတဲ့နေရာက လူရှုပ်တာမှန်ပေမဲ့ တစ်ခါမှ မလာဖူးဘူးမလား"

"မပြန်ပါနဲ့အုန်း ဒီဈေးတန်းက ညဘက်ပဲဖွင့်တာဆိုတော့ လူတွေတအားစည်ပြီး ပျော်ဖို့ကောင်းတယ်၊ ကိုယ်နဲ့လိုက်ခဲ့ပါ"

သူ့လက်ကို အတင်းဆွဲသွားတာမို့ မလိုက်ချင်တော့လို့လဲမရ ၊ ယက်ကန်"နဲ့ ထိုလူနောက်ကပါသွားတော့သည်။

သူတို့လမ်းတူတူလျှောက်ရင်း သူ့လက်ကတစ်စုံတစ်ယောက်ရဲ့ဆုပ်ကိုင်ခြင်းကိုခံလိုက်ရသည်။ ချန်းယောင်းလန့်ပြီး ငုံ့ကြည့်မိလိုက် တော့လက်ပိုင်ရှင်က ပတ်ဝန်ဘင်းဖြစ်နေလို့ ရင်ထဲအနဲငယ်တော့စိတ်‌အေးသွားရသည်။

"ဒီမှာ..ဟေ့လူ ခင်ဗျားဘာလို့ကျွန်တော့်လက်ကို ကိုင်ထားရတာတုန်း လွှတ်ပေး"

သူအတင်းရုန်းနေတော့

"ငြိမ်ငြိမ်နေ..ဒီနေရာကလူတအားရှုပ်တယ် ဘေဘီလည်း မြင်တယ်မလား"

"အကယ်၍ကိုယ်လက်လွှတ်လိုက်ရင် ဘေဘီနဲ့ကိုယ် လူကွဲပြီး တစ်ယောက်ထဲကျန်နေခဲ့မှာ"

"ဒီဈေးလမ်းကရှည်ကရှည်နဲ့ လူကွဲသွားမှ လမ်းပျောက်ပြီး အိမ်ပြန်မရဖြစ်နေအုန်းမယ်"

ပတ်ဝန်ဘင်းပြောတာလဲ မှန်နေ၏။ သူတို့လူကွဲသွားရင် သူ့မှာ အိမ်ပြန်ဖို့မပြောနဲ့ လမ်းတောင်ရှာ‌တွေ့မှာမဟုတ် ၊ ဒီတခါသူငြိမ်ခံနေလိုက်သည်။

"ခင်ဗျားပြောတာမှန်လို့ ဒီတခါတော့ လက်ကိုင်တာ ခံပေးလိုက်မယ်၊ ‌နောက်ခါဆို လုံးဝ အကိုင်မခံတော့ဘူး"

ဝန်ဘင်းမှာ ဘာလုပ်"သဘောကျနေသူမို့ ဒီတခါလည်း ချန်းယောင်းပါးလေးကိုညစ်ရင်းနဲ့သာ ချစ်စရာလေးဟုပင် ပြောနေလိုက်တော့သည်။

"ချန်းယောင်း ဘာစားချင်လဲ ကိုယ့်ကိုပြော
ထွက်လာတုန်းက ရင်တွေခုန်လို့ ဘာမှသိပ်မစားထားဘူးမလား"

ချန်းယောင်းထူးဆန်းသွားသည်။သူက ဘယ်လိုသိနေတာလဲ ၊

"ပတ်ဝန်ဘင်း ခင်ဗျား ဘယ်လိုသိနေတာလဲ ဒါတွေအထိ"

𝓼𝓽𝓻𝓪𝔀𝓫𝓮𝓻𝓻𝔂 𝓪𝓷𝓭 𝓬𝓲𝓰𝓪𝓻𝓮𝓽𝓽𝓮𝓼[𝚠𝚘𝚗𝚝𝚘𝚗]Where stories live. Discover now