ep-(3)

309 34 2
                                    

ဒီနေ့ကျ ခါတိုင်းရက်တွေထက် အစောကြီးနိုးလို့နေသည်။ အိပ်လို့မပျော်တာမဟုတ်ဘဲ ဒီတိုင်း အိပ်ရေးဝဝနဲ့ အစောကြီး နိုးနေခြင်း။
စာကြည့်တိုက် သွားစရာရှိသေးတာကြောင့် ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တော့ တိတ်ဆိတ်လို့နေ၏။မဟုတ်မှ အမေတို့ မနှိုးသေးပုံ ၊ သူလဲ မီးဖိုချောင်ထဲဝင် ရေခဲသေတ္တာထဲက ပေါင်မုန့် 2ချပ်ကို ယူ ၊
strawberryယိုကို 2ချပ်လုံးမှာ သုတ်ပြီး ဗိုက်ထဲ ထည့်လိုက်တော့သည်။ ပြီးတာနဲ့ orange juice တစ်ခွက်သောက်ကာ သူထွက်သွားပြီဖြစ်ကြောင်းကိုလဲ စာလေးရေးပြီး ရေခဲသေတ္တာ အဖုံးမှာကပ်ပေးခဲ့သေး၏။

ဒီလိုချိန်က ပုံမှန်ဆို ကျောင်းတက်ရမှာဖြစ်သည်။စာမေးပွဲလဲနီးနေပြီမို့ ကျောင်းကမသွားလဲအဆင်ပြေ ၊ ကိုယ့်ဟာကို self study လုပ်ပြီးဖြေတာတောင် အောင်မှာမို့လို့ သူကျောင်းမသွားတော့ပါ။သူ့ရွယ်တူ အခြားကျောင်းသားတွေကတော့ ကျောင်းကို အားအားယားယားနဲ့ သွားကြတဲ့သူတွေပင်။သူ‌သွားလဲ ကျောင်းမှာစောင့်နေတဲ့သူမရှိသလို မသွားလည်းမျှော်နေမယ့်သူရယ်လို့မရှိ အေးဆေးပဲ၊ အပေါင်းအသင်းမရှိရတဲ့ အချက်က သူများတွေလို သူငယ်ချင်းတွေနဲ့ ဖြန်းဖို့ ပိုက်ဆံတွေ အလကားမကုန်တော့ဘူးပေါ့လို့ သူတစ်ကိုယ်ကောင်းဆန်ဆန်တွေးမိသွားသည်။

လမ်းလျှောက်နေရင်း ကြောင်ဖြူလေးတစ်ကောင်ကို တွေ့မိလိုက်သည်။ကြောင်လေးက သူ့လက်လေးကို လျှာလေးနဲ့ယက်ပြီး သူ့ခေါင်းလေးကို ပွတ်နေသေးတာ ၊ အသဲယားလာတာမို့ ကြောင်လေးအနားကိုသွားပြီး သူ့အိတ်ထဲကပါလာတဲ့ မုန့်လေးကိုထုတ်ပြီး ကျွေးဖို့လုပ်တော့ ထိုအနှီးကြောင်ပေါက်က သူ့ကိုကြောက်လို့ထင် တချက်အော်ပြီးထွက်ပြေးသွားတော့သည်။

သူလဲဘာမှ မလုပ်ဘဲ မုန့်လေးတောင်ကျွေးမှာကို ထွက်ပြေးသွားတော့ စိတ်ထဲအနည်းငယ်တော့ အချဉ်ပေါက်သွားသည်။

"ဟွန့်...မစားလဲနေပေါ့ ဗိုက်ဆာနေမှာဆိုးလို့ ကျွေးတာကို ထွက်ပြေးတယ်ဆိုတော့ မစားနဲ့ စေတနာကိုမရှိတော့ဘူး"

စိတ်ဆိုးဆိုးနဲ့ ‌ထွက်ပြေးသွားတဲ့ အနှီးကြောင်မသားကို သူတိုးတိုးနဲ့ ပြောနေမိတာ၊ လမ်းမှာက မနက်စောသေးလို့ လူ‌သိပ်မရှိသေးတာ တော်သေးသည်။မဟုတ်ရင် သူ့ကို ထူးထူးဆန်းဆန်းကြည့်နေကြမှာ၊ ပြောပြီး သူ့လဲ ထိုနေရာမှ ထွက်လာခဲ့တော့၏။

𝓼𝓽𝓻𝓪𝔀𝓫𝓮𝓻𝓻𝔂 𝓪𝓷𝓭 𝓬𝓲𝓰𝓪𝓻𝓮𝓽𝓽𝓮𝓼[𝚠𝚘𝚗𝚝𝚘𝚗]Where stories live. Discover now