ဒီနေ့က သူစားမေးပွဲဖြေရတာနောက်ဆုံးရက် ဖြစ်သလို ဝန်ဘင်းနဲ့မတွေ့ရတာ 1ပတ်ပင်ကြာနေပြီ ၊ သူ့ကိုညကြီးလာတွေ့ပြီးထဲက ပျောက်သွားတာ .. ဖုန်းလဲမဆက်သလို လူကိုယ်တိုင်ပါ လာမတွေ့တော့ ။
စိတ်ထဲ နည်းနည်းတော့ ဘဝင်မကျ ဖြစ်နေပေမဲ့အပြစ်တင်လို့လဲမရ ၊ ဝန်ဘင်းနဲ့သူက ဘာမှလဲမဆိုင်သလို တွေ့ဖူးသည့်အကြိမ်ရေကလဲ 5ခါတောင်မပြည့်သေး ။ သေချာတွေးကြည့်ရင် သူစိမ်းသာသာပဲရှိနေသေးသည် ။
ဒီတိုင်း ညဘက်တွေတွေ့ပြီး လျှောက်လည်ခဲ့ကြသည့် သူစိမ်းမကျ မိတ်ဆွေမကျတဲ့ ဆက်ဆံရေးမျိုး ၊ ဝန်ဘင်းဘက်က သူ့ကိုသဘောကျကြောင်းပြော၍ တီတီတာတာတွေပြောပြီး ဂရုစိုက်မှုတွေပေးသလို သူကိုယ်တိုင်ကလဲ ထိုဂရုစိုက်မှုတွေပေါ်မှာ ခဏတာ သာယာမိသွားသလိုမျိုး .. ဒီထက်ပို၍ အဆင့်တက်လာနိုင်ချေကိုမရှိ ။
စာမေးပွဲခန်းရဲ့စားပွဲပေါ်မှာထိုင်ပြီး လက်တွေကစာကိုဖြေနေပေမဲ့ သူ့ခေါင်းထဲမှာတော့
ဝန်ဘင်းသာစိုးမိုးနေတာ ၊ အခုသူ့စိတ်ကို သူ့လဲနားမလည်နိုင်..ဝန်ဘင်းဘက်က သူ့ကိုဖုန်းစမခေါ်ပေမဲ့ သူ့ဘက်ကတော့အရင်စခေါ်လို့ရသည် ။ ဒါပေမဲ့သူမလုပ်ချင် .. ဘာတွေပဲဖြစ်နေပါစေ ဝန်ဘင်းဘက်ကပဲအရင်ခေါ်တာကို သူလိုချင်သည် ။အသုံးမကျတဲ့ အတွေးတွေကိုခပ်မြန်မြန် ဖြတ်တောက်လိုက်ပြီး လက်ရှိအနေထားကိုပြန်ရောက်အောင် သူ့စိတ်ကိုစုစည်းပြီး အရှေ့ကမေးခွန်းစာရွက်မှာပဲ အာရုံပြန်စိုက်လိုက်သည်။တကယ်တော့မေးခွန်းတွေက ထင်သလောက်မခက်.. သူ့အတွက်တော့အသာလေးဖြေလို့ရတဲ့ အနေထားကြီးပင်..
မြန်မြန်ဆန်ဆန် အဖြေတွေကိုဖြည့်ပေးလိုက်ပြီး စာရွက်လာမသိမ်းသေး၍ ခေါင်းမှောက်ပြီးသာ အိပ်နေလိုက်သည် ။ ခနကြာ ခေါင်းလောင်းသံကြားလိုက်ရတာနဲ့ တစ်ပြိုင်နက်ထဲ စာရွက်တွေကိုလာယူတော့သည့် အခန်းစောင့်ဆရာ ။
သူအခန်းပြင်ရောက်တော့ တစ်ယောက်မှလဲ ဖြေနိုင်လားမမေးသလို သူကိုယ်တိုင်ကလဲသွားမေးစရာလူမရှိ ၊ ထိုချိန်သူနဲ့တူတူထွက်လာတဲ့ ကောင်မလေးကို ဖြေနိုင်လားလာမေးတဲ့ကောင်လေးတစ်ယောက် .. ၊ 2ယောက်သားအဖြေတွေတိုက် တိုးတိုးလေးပြောပြီး ထွက်သွားကြတဲ့2ယောက်ကို ဘာမှမဆိုင်ဘဲ မြင်ကွင်းထဲကပျောက်တဲ့ထိလိုက်ကြည့်နေမိတာ။
YOU ARE READING
𝓼𝓽𝓻𝓪𝔀𝓫𝓮𝓻𝓻𝔂 𝓪𝓷𝓭 𝓬𝓲𝓰𝓪𝓻𝓮𝓽𝓽𝓮𝓼[𝚠𝚘𝚗𝚝𝚘𝚗]
Fanficlike strawberry and cigarettes start date - 17.10.2023 End date - ???