ep-(2)

406 28 1
                                    

သူအိမ်ကို ပြန်ရောက်တာနဲ့ ထင်တဲ့အတိုင်း ဆိုဖာပေါ်မှာ ထိုင်နေကာ နာရီကိုတကြည့်ကြည့် ဖြစ်နေတဲ့ အဖေ။သူ့ခြေသံကိုကြားသွားပုံ ပေါ်၏ ။

"ချန်းယောင်း 15မိနစ်နောက်ကျတယ် ဘာတွေလုပ်နေပြီး ဘယ်တွေဝင်နေလို့ နောက်ကျရတာလဲ"

မျက်မှန်အောက်က ပင့်ကြည့်တဲ့အကြည့်များက သံသရာမျက်ဝန်းအပြည့်နဲ့ပင်။သူစိတ်ကျဉ်းကျပ်ရတဲ့ အကြောင်းအရင်းတွေထဲ ဒါတွေလဲပါသည်။တကယ်တမ်းဆို သူဟာ အသက်ပြည့်ပြီး  store တွေမှာ‌ပေါ်တင်
ပင် ခွင့်ပြုထားတဲ့အရာများကို ဝယ်လို့ရသည့် အရွယ်ဖြစ်နေပြီ။သိုပေမဲ့ အဖေ့မျက်စိထဲမှာ သူက အခုထိအသက်မပြည့်သေး ၊ ကလေးလေးတစ်ယောက်ထက် မပိုလို့မြင်နေပုံပေါ်၏။

"ဟို..ကျွန်တော် စာကြည့်တိုက်ထဲမှာ နေတာကြာသွားလို့ပါ။လုပ်စရာတွေလုပ်ပြီး အချိန်ကိုကြည့်လိုက်တော့ 5နာရီကထိုးနေပြီလေ အချိန်ကို သိသိချင်းပြန်လာတာပဲ။ဒါမဲ့အိမ်ကို ပြန်ရောက်တော့ မိနစ်တော်တော်စွန်းနေပြီ"

ပါးစပ်ထဲတွေ့တာသာပြောလိုက်ရတာ ဟုတ်လားမဟုတ်လား သူသာအသိဆုံး..
ဒါတောင် အဖေ့ဆီကသေချာလားဆိုသည့်အကြည့်နဲ့ ကြည့်ခံရသေးသည်။မတတ်နိုင် သူ့အရွယ်က တနေ့တာလုပ်သမျှကို အစီရင်ခံရမည့် အလယ်တန်းကျောင်းသားလေးလဲ မဟုတ်တော့ပေ။သူလည်းဖြေပြီး အိမ်ပေါ်သာတက်လာခဲ့တော့၏။

သူတက်လာတော့ အမေအော်ပြောတာကြားလိုက်ရသည်။ ရေချိုးပြီး ညနေစာလာဆင်းစားဖို့ ပြောလိုက်ခြင်းသာ။လူက စိတ်ထွေနေတာမို့ ဘာမှပြန်မပြောတော့ဘဲ အခန်းထဲသာဝင်ပြီး သူရဲ့လွယ်အိတ်၊headphones နဲ့မျက်မှန်တွေကို ကုတင်ပေါ် ပစ်တင်လိုက်ပြီး ခြေအိတ်တောင် မချွတ်နိုင်ဘဲ ဘုန်းကနဲ အိပ်ရာပေါ်ပစ်လဲလိုက်တော့သည်။ဒီနေ့က သူရဲ့ပုံမှန်နေ့ရက်တွေထဲ ကမောက်ကမဲ့ အဖြစ်ဆုံးနဲ့အပင်ပန်းနေ့ရက်လို့ပြောရင် မမှားနိုင်။

သူညနေကအကြောင်းကို တွေးလိုက်သည့်နဲ့ခေါင်းထဲဝင်လာတာကြီးက ဟိုလူရဲ့အကြောင်းနဲ့ ပုံစံကိုပင်။ချောသည် မျက်နှာပေါက်က သူမြင်ဖူးခဲ့သမျှယောက်ျားတွေထဲတွင် အချောဆုံးလို့ သတ်မှတ်လို့ရသည့်ရုပ်ရည်မျိုး။သူနဲ့ဆင်တူ အနက်ရောင်hoodieကိုဝတ်ထားတဲ့ ထိုလူရုပ်ရည်က မျက်ခုံးနက်နက်နဲ့ မျက်လုံးက ဝိုင်းဝိုင်းကြီးကြီးလေး.. သေချာစိုက်ကြည့်မိရင် black holeကြီးတစ်ခုလိုပြန်ရုန်းထွက်ဖို့ခက်လွန်းလောက်အောင် ဆွဲဆောင်မှုရှိလှသည်။

𝓼𝓽𝓻𝓪𝔀𝓫𝓮𝓻𝓻𝔂 𝓪𝓷𝓭 𝓬𝓲𝓰𝓪𝓻𝓮𝓽𝓽𝓮𝓼[𝚠𝚘𝚗𝚝𝚘𝚗]Where stories live. Discover now