Chapter - 32.1 (ဦးခေါင်းထိပ်က ဧရာမ မြက်ခင်းပြင်ကြီး)

1.5K 221 8
                                    

#unicode

ကျန်းယန်းဖန်၏ အသားအရည်မှာ အလွန်အမင်း မြင်မကောင်းရှုမကောင်းဖြစ်နေလေသည်။ သူသည် နတ်ဆိုးတစ်ကောင်က သူ့ဘဝမှာ မနှစ်မြို့ဆုံးသော အရာတစ်ခုကို စိုက်ကြည့်နေသကဲ့သို့ ကျောင်းပိုင်နင်အား ကျားကုတ်ကျားခဲစိုက်ကြည့်လိုက်သည်။ လူတစ်‌ယောက်က လူတစ်ယောက်ကို ကြည့်ရန်မှာ ကြုံတောင့်ကြုံခဲဖြစ်လှသည့် အကြည့်စိမ်းစိမ်းမျိုးဖြစ်သည်။

ချင်ကွေ့ကျစ်မှာ သူမ၏ မြေးငယ်လေးအား ဆုံးရှုံးလိုက်သည့် ဝမ်းနည်းကြေကွဲမှုထဲ နစ်မြုပ်နေဆဲဖြစ်ကာ သူမသား၏ မူမမှန်မှုကို သတိပင်မမူမိပေ။ ဤအခိုက်၌ ကျန်းရှိန်က အိမ်ထဲတွင် ရှိနေသင့်မသင့်ကိုတော့ ပြောမနေပါနဲ့တော့။ သူမသည် ယင်းမှာ ယုံရခက်သည်ဟုပင် တွေးနေမိသည်။ ပထမဆုံးအနေနှင့် ကျောင်းပိုင်နင် ကိုယ်ဝန်စဆောင်ကတည်းက သူမက သူ့ကို လယ်အလုပ်မလုပ်ခိုင်းခဲ့ပေ။ ဒုတိယအနေနှင့်  သူမ သူ့ကို ဆိုးဆိုးရွားရွားခံစားခွင့်မပြုဖူးဘူး။ သူ့ဆီမှာ ကြိုမမြင်နိုင်တဲ့ မတော်တဆတွေ ဖြစ်သွားမှာ စိုးလို့တောင် သူက တစ်နေကုန်တစ်နေခမ်း အိပ်လိုက်စားလိုက်နေခဲ့သည်လေ။ ဘာကိစ္စက သူက ကြောက်လန့်နေရသေးတာလဲ။

သမားတော်ကို ပြန်ပို့ပြီးနောက် ချင်ကွေ့ကျစ်သည် ပြန်ဝင်လာခဲ့ကာ ကျောင်းပိုင်နင်၏ သေလုမြောပါး ဖြူဖျော့နေသည့် မျက်နှာကို မြင်လိုက်ရပြီး အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားရသည်။
"သောက်ကျိုးနည်း ဘာဖြစ်သွားတာလဲ! ငါ နင့်ကို ကောင်းကင်ဘုံက ငါ့ဘိုးဘေးတွေလောက်နီးနီး ပြုစုထားတာလေ။ နင်က ပြန်ပေးဆပ်တဲ့အနေနဲ့ ဗြောင်းဆန်အောင် လုပ်ပစ်လိုက်တာလား။ ဘာကများ နင့်ကို ခြောက်လှန့်လိုက်တာလဲဟမ်။ ဘယ်သူက နင့်ကို ခြောက်လိုက်တာလဲ။ ငါ့ကို ပြောစမ်း!"

ကျောင်းပိုင်နင်သည် ကျန်းယန်းဖန်ကို ဖြစ်စေ ချင်ကွေ့ကျစ်ကို ဖြစ်စေ မကြည့်ရဲပါချေ။ သူက ဘာစကားတစ်ခွန်းမှ မပြောပါဘဲ သူ့လက်ထဲက အဝတ်ကိုသာ ဖျစ်ညှစ်လိုက်၏။

ထို့နောက် ချင်ကွေ့ကျစ်က သူ့သားကို မေးကြည့်ဖို့ စဉ်းစားလိုက်သည်။
"ယန်းဖန်၊ အမေ့ကို မြန်မြန်ပြောစမ်းပါ။ နောက်ဆုံးကျ၊ ဘာတွေများဖြစ်သွားတာလဲကွယ်။ အမေ လယ်ထဲမှာ အလုပ်သွားလုပ်တာလေ။ ဘာလို့များ အမေပြန်လာတော့ အမေ့ရဲ့ အဖိုးတန်မြေးလေးကို ဆုံးရှုံးလိုက်ရတာလဲ။"

ဒီစေ့‌စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)Where stories live. Discover now