#unicode
အရမ်းမမျှော်လင့်ထားမိတာကြောင့်လည်း ဖြစ်နိုင်သလို ရေချိုးပြီးတော့ သူ့ဦးနှောက်ထဲမှာ နေရာလွတ်နည်းနည်းလောက်ရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့်၊ လော့ဖေးတုန့်ပြန်လိုက်ချိန်မှာတော့ ရှီယန့်ချင်းရဲ့နှုတ်ခမ်းက သူ့နှုတ်ခမ်းပေါ် သက်ဆင်းပြီးသားဖြစ်နေလေပြီ။ မမျှော်လင့်ထားသည့် နွေးထွေးမှုက မီးတောက်တစ်ခုလိုပင်၊ လော့ဖေးအား လောင်ကျွမ်းသွားကာ ရေချိုးကန်ထဲမှထွက်ပြီးနောက် သူရရှိခဲ့သည့် လန်းဆန်းလတ်ဆတ်နေသည့် ခံစားချက်လေးမှာ ခြေရာတစ်ခုမှပင်မချန်ခဲ့ပဲ ပျောက်ကွယ်သွားလေတော့သည်။
ဒီလူ၊ ရူးသွားပြီလား!
လော့ဖေး ရုတ်တရတ်ပြန်တွန်းလိုက်၏။
"ခ..ခ..ခင်များ၊ ခင်များဘာလုပ်ချင်နေတာလဲ!"သူရှက်နေမိပြီ မျက်လုံးများက ရှီယန့်ချင်းကို မကြည့်ရဲပေ။ ရှီယန့်ချင်း၏ မျက်လုံးများထဲတွင် မြစ်နှင့်ပင်လယ်များရောယှက်နေသည်မှာ တစ်ချက်ကြည့်ရုံသည်နှင့် နစ်မြုပ်သွားပြီးဘယ်တော့မှ ပြန်မထွက်နိုင်တော့သလိုပင်။
ရှီယန့်ချင်းမှာ သူ့လက်ကို မြှောက်လိုက်ပြီးနောက် ပြန်ချလိုက်ပြန်သည်။ သူက သက်ပြင်းနက်နက်ချလိုက်ရင်း သူ့အသံက ကွဲအက်ပါးလျနေကာ အကူအညီမဲ့နေပါသလို ပြောလာလေတော့သည်။
"မင်းဒါကိုမေးနေရဦးမှာလားကွာ။ သေချာပေါက်၊ ကိုယ်မင်းကို လုပ်ချင်နေတာလေ။"သောက်ကျိုးနည်း၊ ခင်များဒီလိုကိစ္စမျိုးကို ထမင်းစားရေသောက်လိုမျိုး ဒီလောက်ပေါ့ပေါ့ပါးပါး မပြောလို့မရဘူးလား!
ရုပ်ရှင်ဧကရာဇ်အသေးစားလော့၏ စိတ်ဝိဉာဉ်မှာ ရုတ်တရတ် သွက်သွက်ခါသွားရလေသည်။ သူကိုယ်သူကာကွယ်ထားသလိုမျိုး သူ့ရင်ဘတ်သူဖက်ထားသည့် မဟားတရားရယ်စရာကောင်းသောပုံစံတစ်ခုကို လုပ်နေမိတော့သည်။
"အဆင်မနေဘူးဗျ! ခင်များ၊ ကျွန်တော်ခင်များကို ပြောထားတယ်လေ! ကျွန်တော်တို့ မတိုင်ခင်ကပဲ သဘောတူထားပြီးသား။ ခင်များက အလုပ်ရှင်၊ ကျွန်တော်က အလုပ်သမား။ကျွန်တော်တို့မှာ ရုံးတွင်းအချစ်ဇာတ်လမ်းလေးရှိလို့မရဘူး၊ နားလည်လား! အထူးသဖြင့် တောသားရုံးတွင်းအချစ်ဇာတ်လမ်းမျိုးပဲ! လူ့အဖွဲ့အစည်းအနဲ့ ကုမ္ပဏီဖွံ့ဖြိုးမှုကို မတည်မငြိမ်ဖြစ်လွယ်စေတယ်!"
ESTÁS LEYENDO
ဒီစေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့တောင်းဆိုတယ် (mm trans)
RomanceAuthor - 困成熊猫 Status - completed (chp-97+extra-12) I don't own this novel and have any allowance. So if there's any problems concerned with copyright, I'll delete this. I hope you all like my translation ❣️❣️