ချစ်မိသွားဖို့အတွက် ဖြေးဖြေးချင်း ခြေလှမ်းတွေ လှမ်းကြရအောင်
လုပ်ငန်းကြီးနှစ်ခု ပေါင်းစပ်ဖို့ သားသမီးတွေကို ထိုးကျွေးတတ်သည့် အသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာရတဲ့ Lee Seokmin အဖို့ အဖေ့ဆီက စေ့စပ်ပွဲအကြောင်း ကြားရတော့ သူသိပ်မတုန်လှုပ်မိပေ။
ဒီပုတ်ထဲက ဒီပဲထွက်မယ်ဆိုတာ ဗေဒင်မေးရာပင်မလို။ နှစ်အစပိုင်းက သူ့အမ Lee Nara က လက်ထပ်သွားပြီမလို့ သူ့အလှည့်က မကြာခင်ဆိုတာ သိထားပြီးသား။ ခုလောက်ထိ မြန်မယ် မထင်ရုံမျှသာ။
Lee မျိုးရိုးရဲ့ အငယ်ဆုံးသား Alpha က မိတ်ဖက်လုပ်ငန်းရှင်တွေကြား အကောင်းဆုံး ပစ်မှတ်ဖြစ်နေတယ်ဆိုတာ သူသတင်းသဲ့သဲ့ကြားမိပေမဲ့ အလုပ်တွေနဲ့မလို့ ထိုမျှလောက် အာရုံမစိုက်မိတာ အခုတော့လည်း သူကိုယ်တိုင် ကြုံရပြီ။
"ဘယ်လုပ်ငန်းစုရဲ့ သမီးနဲ့လဲ အဖေ"
စိတ်ကိုလျှော့ကာ တစ်ဖက်က မကြာခင် လက်ထပ်ရတော့မည့် အနာဂတ် ဇနီးလောင်းနှင့် ပတ်သက်ပြီး မေးလိုက်တော့ အဖေ့အဖြေက အတော်လေး အံ့အားသင့်စရာ။
"သမီးနဲ့ မဟုတ်ဘဲ Hong လုပ်ငန်းစုရဲ့သားနဲ့ လက်ထပ်ရမှာ ငါ့သား "
အဖေ့စကားအဆုံးမှာ Seokmin တစ်ယောက် အခြေအနေကို နားမလည်နိုင်တော့။ ဘယ်လိုအကြောင်းကိစ္စတွေကများ အရေးကြီးလို့ သူက ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ရတဲ့အထိ ဖြစ်သွားတာလဲ။
အနည်းဆုံးတော့ သူ့အဖေ သဘောတူမှာက အမျိုးသမီး Omega လောက် ဖြစ်နေမယ်လို့သာ မှန်းထားပေမဲ့ အခုက တလွဲစီဖြစ်လို့နေသည်။
Hong လုပ်ငန်းစုရဲ့ သားက Alpha မဟုတ်ဘူးဆိုတာ သိထားပေမဲ့ Beta လား Omega လားဆိုတာ ဘယ်သူမှ မသိသည့် လုံးဝအတွင်းကျကျ လျှို့ဝှက်ချက်ကြီးပင်။
သူ့အနေအထားနှင့် ခုလိုမျိုး အခြေအနေက လုံးဝမအပ်စပ်ဘူးလို့ ခံစားမိသည်။ တကယ့်ကို အရှုပ်ထုပ် အနေအထားကြီးပဲ။
"အဖေ....ဒါကတော့ နည်းနည်းတရားလွန်တယ် မထင်ဘူးလား။ ပတ်ဝန်းကျင်က လူတွေ ဘယ်လိုပြောမလဲဆိုတာ အဖေသိပြီးသားကို"
YOU ARE READING
Slow Motion
Fanfiction"Joshua Hong က ကျွန်တော့်ရဲ့ အမျိုးသားမလို့ သူ့ကိုရော သူနဲ့ပတ်သက်သမျှကိုပါ ထိခိုက်အောင်လုပ်မယ်လို့ ကြံထားရင် ကျွန်တော်တို့ Lee လုပ်ငန်းစုကိုပါ ထိခိုက်ဖို့ ကြံရွယ်တယ် မှတ်ပြီး အဆုံးထိ ပြန်ထမလာနိုင်အောင် လုပ်ပစ်မှာ" "အရာရာအတွက်ကော အမြဲတမ်းအတွက်ကော ကျေ...