လက်ထပ်ပြီးခါစ လူတွေကြားမှာ ဘယ်လိုတွေ ပြောင်းလဲသွားကြလဲဆိုတာ သူတကယ် သိချင်မိသည်။ အခုလက်ရှိ သူတို့အခြေအနေကရော ဘယ်လိုအခြေအနေမျိုးမှာ ရှိနေပါလိမ့်။
အတူနေသည့်နေ့ကစလို့ Shua နှင့် Seokmin က အဆောင်နေ အခန်းဖော်လို ဖြစ်လာမှာပါလို့ပဲ သူတွေးခဲ့ပေမဲ့ လက်တွေ့မှာ ထိုကဲ့သို့ ဟုတ်မနေ။ Seokmin ရဲ့ တစ်ဖက်လူအပေါ် တွေးတောပေးတတ်မှုက လက်ဖျားခါချင်စရာကောင်းလောက်အောင်ပင်။
Joshua အနေနှင့် သူ့ဘဝမှာ လက်ထပ်ပြီးနောက်ဆိုသည့် အတွေးမျိုးကို မတွေးခဲ့မိဖူးပါ။ ဖွံ့ဖြိုးမှုနောက်ကျသည့်အပြင် လိမ်ထားရတဲ့အနေအထားကြီးမှာ သူ့အတွက် အရာရာက ရင်ခုန်စရာထက် ရင်ဆိုင်တိုက်ခိုက်ရမည့် အခက်အခဲလို့သာ မှတ်ယူခဲ့သည်။
Seokmin နှင့် တွေ့ရတာက သူ့အတွက် အတော်လေး ကံကောင်းမှုလို့ပင် ဆိုရမည်။ အထီးကျန်နေခဲ့တဲ့ သူ့ဘဝထဲ ထိုကောင်လေးက အတင်းခြေစုံပစ်ဝင်ပြီး သူ့ကို ဆွဲခေါ်သွားခဲ့သည် မဟုတ်လား။
လက်ထပ်ထားသည့် ခေါင်းစဉ်အောက်မှာ အတူရှိနေတာ နှစ်လကျော်သွားပြီဖြစ်သလို ကြားထဲ Seokmin က သူ့ကို အခွင့်အရေး တစိုးတစိမျှ မယူသလို Shua သဘောဆိုသည့် ခေါင်းစဉ်နှင့်အတူ သူ့ကို ငါးနှစ်သားလို အလိုလိုက်လွန်းလှသည်။
Omega အဖြစ် ဝန်ခံပြီးနောက်မှာ Seokmin ဘက်က သူ့ကို scent blockers မသုံးဖို့ တောင်းဆိုတာကလွဲ mates လုပ်ကြဖို့ တစ်ခါလေးမှ ဖိအားမပေးခဲ့တာမလို့ သူအတော် ကျေးဇူးတင်ရပါသည်။
"ကိုယ်က ဘာနေနေ အကို့သဘောပဲ ဖြစ်စေချင်တယ်"
"အကိုက တစ်ဘဝလုံး ဟန်ဆောင်ခဲ့ရပြီးပြီ။ သန်မာခဲ့ရပြီးပြီ။ ကိုယ့်အတွက်တော့ အကိုက အကိုဖြစ်နေရင်ရပြီ"
"ကိုယ့်သဘောက အကို့သဘောပဲမလို့ အကိုစိတ်ချမ်းသာတာ လုပ်"
Seokmin ဆီကို Shua က တစ်ခုခု ခွင့်တောင်းမိတိုင်း ထိုကဲ့သို့ စကားတွေကြောင့် သူ့မှာ ရင်တသိမ့်သိမ့် ခုန်ရသည်။ သူ့ဘက်က ဘာမှမပေးနိုင်သေးတာတောင် တစ်ဖက်လူက စိတ်ရှည်လက်ရှည် သူ့အပေါ် ဖြည့်ဆည်းပေးရှာသည်။
YOU ARE READING
Slow Motion
Fanfiction"Joshua Hong က ကျွန်တော့်ရဲ့ အမျိုးသားမလို့ သူ့ကိုရော သူနဲ့ပတ်သက်သမျှကိုပါ ထိခိုက်အောင်လုပ်မယ်လို့ ကြံထားရင် ကျွန်တော်တို့ Lee လုပ်ငန်းစုကိုပါ ထိခိုက်ဖို့ ကြံရွယ်တယ် မှတ်ပြီး အဆုံးထိ ပြန်ထမလာနိုင်အောင် လုပ်ပစ်မှာ" "အရာရာအတွက်ကော အမြဲတမ်းအတွက်ကော ကျေ...