2

1.2K 132 20
                                    

သူတို့နှစ်ယောက် တွေ့ပြီးသည့်နေ့နောက်ပိုင်း သူ့ဆီကို Seokmin က နေ့တိုင်းနီးပါးဆိုလို့ ရောက်ချလာတတ်သည်။ ကျေးဇူးတင်စရာက Seokmin ကျေးဇူးနှင့် သူ့မျိုးစိတ်အပေါ် လူတွေသိပ်အာရုံမထားကြတော့။ သူ့ထက် Seokmin အပေါ်ကိုသာ ပြောင်းကုန်ကြသည်။

သူက ရပါတယ် နေ့တိုင်း မလာပါနဲ့လို့ ပြောရင်တောင်မှ ထိုကောင်လေးက ပိုပီပြင်အောင်ဆိုသော အကြောင်းပြချက်ပေးလာသည်မလို့ သူလည်း သိပ်မပြောဖြစ်တော့။ တကယ်ဟုတ်မဟုတ်ကတော့ Seokmin တစ်ယောက်ထဲသာ သိလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူလည်း အဖော်ရတာကိုး။

"အကို...လကုန်တော့မှာဆိုတော့ ကျွန်တော်တို့ မင်္ဂလာပွဲအတွက် ဘာတွေပြင်ဖို့ လို‌ဦးမယ်ထင်လဲ"

သူ့ရုံးခန်းထဲက sofa ပေါ်မှာ ဖုန်းကြည့်ရင်း ခြေချိတ်ထိုင်ကာ မေးလာသည့် Seokmin ကြောင့် Shua မှာ ထိုင်ခုံကနေထပြီး မင်းအကုန်လုံး ပြင်ပြီးပြီဟာကို ဘာတွေထပ်ပြင်ချင်တာလဲလို့ မေးရင်း ပြေးရိုက်ချင်တော့သည်။

"မင်း ဘာတွေထပ်ပြင်ချင်သေးလို့လဲ Lee Seokmin ရယ်"

စိတ်ညစ်နေသည့်လေသံကြီးနှင့် ပြောလာတဲ့ အကို့ကြောင့် Seokmin မှာ မရယ်ပဲမနေနိုင်တော့။ ဘာလို့ သူ့ကိုပဲ အားလုံးက ဝိုင်းဝေဖန်နေကြတာတုန်း။ ဟန်ဆောင်လက်ထပ်ရင်တောင် သူကတော့ တစ်သက်မှာတစ်ခါပဲရမဲ့ မင်္ဂလာပွဲကို ရှယ်ပဲလုပ်ပေးချင်တာ။

တစ်ဖက်လူက Joshua ဖြစ်နေလို့လား တခြားလူသာဆိုရင်ကော သူလုပ်ပေးနိုင်မလား သူမသိပေမဲ့ အရှည်ကြီး သူမတွေးချင်ပါ။ အတွေးများလေ လူပင်ပန်းလေဖြစ်တာမလို့ လက်ရှိသူ့အတွေးကတော့ Joshua Hong စိတ်ချမ်းသာဖို့။

"အကိုကလည်း.....ကျွန်တော်က ဘာတွေထပ်လိုမလဲ ပိုသေချာအောင်လို့ပါ"

"ခု မင်းစီစဉ်ထားတဲ့ပွဲမှာ လိုအပ်တာက မင်းနဲ့ ငါပဲ ကျန်တော့တယ်လေ"

"အကုန်အကွက်စေ့အောင် စီစဉ်ထားပြီးတော့ ဘာတွေထပ်ဖြည့်ချင်နေတာတုန်း?"

"ဟား...အကိုကဗျာ"

Shua စကားအဆုံး ခပ်ဖွဖွရယ်သံနှင့်အတူ ဆိုဖာပေါ်ကို ခေါင်းမှီချလိုက်သည့် ကောင်လေးက သဘောကျစွာ ပန်းသီးစိမ်းရနံ့သင်းသင်းလေးပါ ထုတ်လွှတ်မိပုံရသည်။

Slow MotionWhere stories live. Discover now