5 (End)

1.1K 129 8
                                    

လူတစ်ယောက်ကို ချစ်မိရင် အဲ့ဒီလူက ကိုယ့်ရဲ့ကမ္ဘာကြီး ဖြစ်လာလိမ့်မယ် လို့ Seokmin ကြားဖူးခဲ့ပေမဲ့ သူ့လို လက်တွေ့သမားအတွက်က ဟာသလိုသာ ဖြစ်ခဲ့သည်။

သို့သော်ငြား ဘယ်သူသိနိုင်မလဲ။ သူ့ကမ္ဘာကြီးက သူ့အရှေ့မှာ မတ်တပ်ရပ်နေတဲ့ စတော်ဘယ်ရီသီးလေးဖြစ်နေမယ်ဆိုတာကိုပေါ့။

ကိစ္စအဝဝကို အတူတူ ကျော်ဖြတ်ပြီးနောက်မှာတော့ Seokmin က အကို့ရဲ့ တရားဝင် Alpha ဆိုသည့်ရာထူးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ အကို့ gland နေရာမှာ Seokmin ရဲ့ အမှတ်အသားရာကို မြင်ရတိုင်း သူ့ကိုယ်သူ ဂုဏ်ယူမဆုံး။

Joshua Hong က သူ့အပိုင် Omega သူနဲ့ပဲ သက်ဆိုင်သည့် သူ့ရဲ့ တစ်ဦးတည်းသော ဖြစ်တည်မှုလေးလို့ တွေးမိရုံနဲ့တင် သူ့ရင်အစုံဟာ သိမ့်ခနဲ။

အိမ်ထောင်သက် တစ်နှစ်ကျော်မှာ သူတို့မျိုးစုံ ကြုံတွေ့ခဲ့ရပြီးပြီ။ မချစ်မိဘူးလို့ ထင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ခုတော့လည်း ချစ်ကြည်နူးလွန်းလို့ ပတ်ဝန်းကျင်က မျက်စိနောက်ရလောက်အောင် ဖြစ်ကုန်ပြီ။

အတွေးလွန်နေတဲ့ Seokmin ကို အလုပ်ရှုပ်နေသည့် အကိုက သတိထားမိသွားဟန် မျက်နှာလေးကို ခပ်ဖွဖွလာထိတော့ သူ့မှာ တွန့်ခနဲ။

"အာ...အကို...ပြီးပြီလား"

"ခိခိ....လန့်သွားတာလား"

"ရုတ်တရက်မလို့ပါ....အတွေးလွန်နေတာကို"

"ဘာတွေ တွေးနေလို့လဲ..."

"ပြွတ်စ်.."

Joshua စကားအဆုံး ပါးကို ဖိကပ်ပြီး အသံကျယ်ကျယ် ထွက်အောင် နမ်းလိုက်သည့် ‌Seokmin ကြောင့် စကားစပါပြတ်ကုန်သည်။

"အကို့အကြောင်းလေ...ကိုယ့်ယောက်ျားချောကြောင်း လှကြောင်း တွေးနေတာ"

"လူ‌ကြားထဲမှာ အဲ့လိုတွေ မပြောလို့ မရဘူးလား...ဟမ်...မင်းမရှက်ပေမဲ့ ငါရှက်တယ်ကွ"

Seokmin စကားကြောင့် အကို့မှာ ဆိုးထားတဲ့ ဆံပင်အရောင်နဲ့ ထပ်တူ မျက်နှာလေးကပါ နီရဲလို့။ ဒီလောက် အချိန်တွေကြာပြီကို အဲ့လူကြီးလေးက ကျင့်သားမရ ဖြစ်နေတာ နောက်ထပ်များများပိုပြောပြီး ကျင့်သားရအောင် လုပ်ပေးဦးမှပါ။

Slow MotionWhere stories live. Discover now