4

1.4K 134 25
                                    

အကို့ဆီကနေ သူ့ကို ချစ်ကြောင်း အဖြေရပြီးကတည်းက ရှက်တတ်လွန်းသည့် စတော်ဘယ်ရီသီးလေးက သူ့ကို မသိမသာ ရှောင်သည်။

Seokmin သူ့အနား ကပ်လာတာနှင့် အလုပ်ရှိလို့ ပန်းကန်ဆေးမလို့ ကြောင်ရေချိုးမလို့ အစချီသော အကြောင်းပြချက်တွေ ပြကာ အသာလေး ထွက်ထွက်ပြေးသွားတာမလို့ ဖက်ချင်သည့် စိတ်များ ချုပ်ထိန်းရင်း သူ့မှာ အလိုလိုက်ရသည်။

လူကြီးတွေများ လှည့်စားတတ်ပုံများ အဖြေပေးပြီးမှပဲ ထွက်ထွက်ပြေးတော့တယ်။ ကြောက်ဖို့ကောင်းလို့ ဖက်နမ်းပစ်ရမယ် ဟူး ဟူး...

ကိုယ့်အတွေးနှင့်ကိုယ် ပြုံးစစဖြစ်နေသည့် Seokmin ကို လှစ်ခနဲ ပြေးထွက်သွားသည့် Joshua က ချောင်းကြည့်မိတော့ ကြောင်သွားရသည်။ ဒီကောင်လေး တစ်ယောက်ထဲ ရယ်နေတာ တစ်ခုခုများ ဖြစ်နေမလားနော်။

"အကို....ဘာလို့ ထွက်ပဲပြေးနေတာလဲလို့"

ချောင်းကြည့်ရင်း လှည့်ထွက်မည်အလုပ် အနောက်က စကားသံကြောင့် သူ့မှာ သူခိုးလူမိသလို အထိတ်တလန့်ဖြစ်သွားရသည်။ ဆိုဖာမှာ ထိုင်နေတဲ့လူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီနားရောက်ချလာရတာလဲ။

"အာ...ဘာတွေပြောနေတာလဲ။ ငါမရှောင်ပြေးပါဘူး။ ခုမင်းရှေ့မှာလေ..."

ကျောပေးရင်း အဖြေပြန်ပေးမိတော့ သူ့ကျောကို ထိကပ်လာသည့် ရင်ခွင်ကျယ်ရယ် ခါးကိုသိုင်းဖက်လာတဲ့ လက်အစုံကြောင့် သူ့မှာ နှလုံးရောဂါရလုနီးပါး။

အဲ့လိုမျိုးတွေ ခဏခဏ လာမလုပ်ရင် သိပ်ကောင်းမှာပဲ Lee Seokmin ရယ်။ တစ်ဖက်လူကို သနားပါဉီးလို့သာ အော်ပြောလိုက်ချင်တော့သည်။

"လူကြီးတွေ လိမ်ရင်ကော ငရဲမကြီးဘူးလား...ဟမ်"

သူ့ပခုံးပေါ် ခေါင်းတင်ရင်း နားနားကပ်ကာ မေးလာသည့် Seokmin ကြောင့် သူ့မှာ အကြောင်သား။ ရောစပ်နေတဲ့ pheromones နံ့တွေကြား သူ့မှာ ဒူးပါခွေကျချင်လာသည်။

တစ်ဖက်လူသာ ခေါင်းကို နေရာအနည်းငယ်ရွှေ့လိုက်ရင် သူ့ရဲ့ လည်ပင်းနောက်က gland နေရာနှင့်ကွက်တိ။ ဘာတွေပူရမှန်း မသိပေမဲ့ သူ့စိတ်က တဖြေးဖြေး ပူလာရသည်။

Slow MotionWhere stories live. Discover now