1835ခုနှစ် Alexandrina Victoria(အလက်ဇန်းဒရီးနား ဗစ်တိုးရီးယား) ဘုရင်မအုပ်စိုးစဥ်ကာလ၊ ဗြိတိန်......။
နေရောင်ခြည်ဖြာ၍ ရာသီဥတုသာယာလှသောမနက်ခင်းတစ်ခုတွင် ဗြိတိန်၏ မင်းဆွေမင်းမျိုးအကြီးအကဲများနေထိုင်ရာ အိမ်ယာတစ်ခုထဲတွင် အထပ်လေးထပ်ရှိသောရဲတိုက်အဆောက်အဦးကြီးမှာ ခမ်းနားစွာတည်ရှိနေသည်။ ထိုရဲတိုက်ကြီး၏ကျယ်ဝန်းလှသောခြံဝန်းထဲတွင်လည်း အလှပုံဖော်ထားသောသစ်ပင်ပန်းမန်များဟာ ဘေးတစ်ဖက်တစ်ချပ်စီတွင် အညီအညာပင်။ ခြံဝန်း၏အလယ်တည့်တည့်တွင် ရေဗန်းတစ်ခုလည်းရှိနေသေးသည်။ ထိုခမ်းနားလှသော ခြံဝန်းကျယ်ကြီးထဲသို့ မောင်းဝင်လာသည့်မြင်းနှစ်ကောင်ဆွဲသော ရထားလုံးတစ်စင်း.......။ ရဲတိုက်ကြီး၏ပင်မဝင်ပေါက်တွင်ရပ်တန့်လိုက်သည့်အခါ အိမ်ကြီးရှင် Nicholas(နစ်ကိုးလက်စ်) က ခရီးဦးကြိုနေသည်ကိုတွေ့ရသည်။ Nicholas သည် Victoria ဘုရင်မကြီး၏ ဆွေမျိုးနီးစပ်တော်သူဖြစ်သည်။ သွေးသားအလှမ်းဝေးသည်ဆိုပင်မယ့် ဆွေမကင်းမျိုးမကင်းဟုပြောလျှင်လည်းမမှားပေ။ ရွှေအိုရောင်ဆံနွယ် တို့အား သပ်ရပ်စွာဖြီးသင်ထားပြီး ရှပ်လက်ရှည်အဖြူအား အညိုရောင်ဘောင်းဘီဖြင့်တွဲဖက်ဝတ်ဆင်ထားသည့် Nicholasသည် အသက်၅၀ ကျော်ဟုမထင်ရလောက်အောင်အရွယ်တင်နေသည်။သူသည်ကား ဗြိတိန်၏အကြီးအကဲတစ်ဦးလည်းဖြစ်သည်။
ရထားလှည်းလုံးအပေါ်မှဆင်းလာသောအမျိုးသားနှစ်ဦးအနက် Nicholas နှင့်ရွယ်တူရှိမည့်အမျိုးသားကြီးသည်
"ဟေး.....ဘယ်လိုလဲ သူငယ်ချင်း"
နှုတ်ဆက်စကားဆို၍လက်တစ်ဖက်ကမ်းပေးလိုက်သည့်အခါ အကြီးအကဲNicholas သည် လည်း ထိုကမ်းပေးသောလက်အားဆုပ်ကိုင်၍
"မြင်တယ့်အတိုင်းသန်မာနေတုန်းပါပဲ..... မင်းရောဘယ်လိုနေလဲ Alfert"
"သန်မာနေတုန်းပေါ့ကွာ....ဟား...ဟားးး"
အဖိုးကြီးနှစ်ဦးကပြိုင်တူရီမောကြသည်။ အကြီးအကဲNicholas သည် Alfert(အဲလ်ဖက်ထ်) ၏အနောက်တွင်မတ်တပ်ရပ်နေသော နက်ပြာရောင် ဝတ်စုံဖြင့်အမျိုးသားအားကြည့်ကာ
"သူက....."
Alfert ကသူ၏အနောက်သို့လှည့်ကြည့်ကာ
![](https://img.wattpad.com/cover/354547632-288-k219463.jpg)
YOU ARE READING
မှားခဲ့လေသော ကံကြမ္မာ (Completed )
Short Story"ဒီတံတားကိုသာကျော်ဖြတ်နိုင်ရင် ကိုယ်တို့ထာဝရပေါင်းဖက်လို့ရပြီ Easton Park " "ငါ....မလုပ်နိုင်ဘူး Jeon Ian.....မဖြစ်နိုင်ဘူး....ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး" "မဖြစ်နိုင်တာမရှိပါဘူး.....မဖြစ်သေးတာပဲရှိတာပါ.....ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်လက်ကိုဆွဲလို...