ဂျစ်ကားစစ်စိမ်းရောင်လေးက ဆိပ်ကမ်းမှတဆင့် မြ်ို့တော်အတွင်းသို့ပြန်လည်မောင်းနှင်လာသည်။ ညနေ နေဝင်ရီတရောဖြစ်သည့်အချိန်အတွက် ချမ်းစိမ့်စိမ့်ရာသီဥတု နှင့်အညီ ကားထဲရှိလူနှစ်ဦး၏ အခြေအနေမှာလည်းအေးစက်စက်ပင်။ ကားလေးသည် အကြီးအကဲNicholas ၏ အိမ်တော်သို့မရောက်ခင် စျေးလမ်းလေးတွင်ခေတ္တရပ်လိုက်သည်။ ကားပေါ်မှအလျင်စလိုဆင်းသွားသည့် Ianအား Eastonအသံတိတ်ပင် ကြည့်နေမိသည်။ Ianသည် ကားပေါ်မှဆင်း၍ ဆိုင်တစ်ချို့တစ်လေသာရှိတော့သော စျေးလမ်းလေးထိပ်တွင် ဖွင့်ထားသောပန်းဆိုင်သို့သွားကာ ထုတ်ပိုးထားသည့်ပန်းစည်းများအားကြည့်လိုက်သည်။
"ဘာလိုချင်လို့ပါသလဲ သခင်လေး....."
စျေးသည်မိန်းကလေးက မေးလာသည်။ Ianက ပန်းရောင်စုံကြားထဲမှ စက္ကူအညိုဖြင့်ထုတ်ပိုးထားသော Baby Breath ပန်းစည်းလေးအားကိုင်လိုက်၍
"ပန်းတစ်ခိုင်ပဲလိုချင်တယ်......လိုသလောက်ဒင်္ဂါးပြောပါ"
စျေးသည်မိန်းကလေးက Ianအား ထူးထူးဆန်းဆန်းကြည့်ပြီးနောက် ပန်းစည်းထဲမှ ပန်းတစ်ခတ်အားထုတ်ယူပေးလိုက်၍
"ဒင်္ဂါးပြားပေးစရာမလိုပါဘူး သခင်လေး"
သို့သော် Ian က သူ၏ဘောင်းဘီအိပ်ကတ်ထဲရှိဒင်္ဂါးအိတ်ထဲမှ ဒင်္ဂါးလက်တစ်ဆုပ်အားယူကာ စျေးသည်မိန်းကလေးအားကမ်းပေး၍ ကားရှိရာသို့ထွက်လာလိုက်သည်။ အနောက်ပါးမှ စျေးသည်မ်ိန်းကလေး၏ကျေးဇူးတင်စကားသံအားကြားရသည်။ ကားပေါ်တွင်နေရာယူ၍ ထိုပန်းခတ်လေးအားသူ၏အင်္ကျီအိပ်ကတ်ထဲသို့ထည့်လိုက်ပြီး Eastonအား ပြုံးပြလိုက်သည်။
ထို့နောက်ကားလေးအား အကြီးအကဲNicholas ၏အိမ်တော်သ်ို့မောင်းနှင်လိုက်သည်။ ခြံဝန်းနှင့်နီးကပ်လာသည်နှင့်အမျှ ရင်ထဲ၌စို့တက်ကာဝမ်းနည်းမှုတို့ကအလုံးလိုက်အရင်းလိုက်ပင် ဝင်ရောက်လာသည်။
Easton သည် ကားမောင်းနေသည့်Ianအား ငေးကြည့်ကာ အိမ်တော်သို့မြန်မြန်ပြန်မရောက်စေရန်ဆုတောင်းနေမိသည်။ သို့သော်ဆုတောင်းမပြည့်ခဲ့........အကြီးအကဲNicholas ၏ ခြံဝန်းအရှေ့တွင် 'ကျွီ' ခနဲရပ်လိုက်သော ဂျစ်ကားလေးကြောင့် Eastonကြိတ်ကာ သက်ပြင်းချလ်ိုက်သည်။ Eastonသည် ကားပေါ်မှဆင်းရန်တုံ့ဆိုင်းနေမိသည်။
![](https://img.wattpad.com/cover/354547632-288-k219463.jpg)
YOU ARE READING
မှားခဲ့လေသော ကံကြမ္မာ (Completed )
Historia Corta"ဒီတံတားကိုသာကျော်ဖြတ်နိုင်ရင် ကိုယ်တို့ထာဝရပေါင်းဖက်လို့ရပြီ Easton Park " "ငါ....မလုပ်နိုင်ဘူး Jeon Ian.....မဖြစ်နိုင်ဘူး....ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး" "မဖြစ်နိုင်တာမရှိပါဘူး.....မဖြစ်သေးတာပဲရှိတာပါ.....ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်လက်ကိုဆွဲလို...