နေ့မှရက် ရက်မှလသို့ကူးပြောင်းလာပြီးနောက် Easton Park နှင့် Jeon Ianတို့၏ဆက်ဆံရေးသည် စာပေးစာယူဖြင့်သာ ချစ်ချင်းမေတ္တာများ တရိပ်ရိပ်တိုးပွားလာလေသည်ကအံ့ဩစရာပင်။ မမြင်မတွေ့ရပါပဲ ဝါကြင့်ကြင့်စာရွက်ပေါ်မှ စာလုံးလေးတွေဖြင့်သာ တစ်ယောက်နှလုံးသားကိုတစ်ယောက်ချည်နှောင်နေခဲ့သည်မှာ အနက်ရှိုင်းဆုံးနေရာအထိချည်နှောင်နေပြီးဖြစ်သည်။ ကျွမ်းကျင်ရာ မုန့်ဖုတ်သည့်အတတ်ပညာဖြင့် သူ၏တပ်စုမှုးအားတစ်ပတ်တစ်ခါမရိုးနိုင်သောကွတ်ကီးမျိုးစုံအားပြုလုပ်ပေးကာလူကြုံပါးလေရှိသည်။ အခုလည်း ထောပတ်ကွတ်ကီးပြုလုပ်ပေးရန် ဂျုံမှုန့်ဖျော်နေရင်းမှ ပီတိအပြုံးတွေကဖုံးမရဖိမရပင်ဖြစ်နေသည်။ ဂျုံ့ဖျော်ပြီးသား ဇလုံထဲသို့ကြက်ဥများခွဲထည့်နေစဥ် မီးဖိုဆောင်ထဲသို့ဝင်လာသော မစ္စစ်Bella က
"လူကြီးမင်း Alfertရောက်နေပါတယ် သခင်လေး....."
ကြက်ဥနှစ်လုံးအားလက်တစ်ဖက်စီတွင်ကိုင်ထားရင်းမှ Easton က တခနအံ့အားသင့်သွားပြီး
"ယောက္ခမက အစည်းအဝေးပွဲသွားတယ်မဟုတ်ဘူးလား....."
"သခင်လေးနဲ့ တွေ့ချင်တာပါတယ့်"
မစ္စစ် Bella၏ စကားကြောင့် Easton ၏ကိုယ်လုံးတောင့်သွားသည်။ ထို့နောက်အသက်အားပြင်းပြင်းတစ်ချက်ရှု၍ လေပူမှုတ်ထုတ်လိုက်ပြီး
"ဟုတ်ကဲ့ ကျွန်တော်တွေ့လိုက်ပါဦးမယ်"
လက်ထဲမှကြက်ဥ နှစ်လုံးအား စတီးဇလုံထဲတွင်ထည့်၍ အေပရွန်အားချွတ်လိုက်ကာအဝတ်အစားတွင်ကပ်နေသောဂျုံမှုန့်များအားလက်ဖြင့်ခါ၍ အိမ်မကြီးဘက်သို့ထွက်လာခဲ့သည်။ ဧည့်ခန်းတွင်ထိုင်နေသော Alfertက Eastonအားတွေ့သည့်အခါ မတ်တပ်ရပ်လိုက်ပြီး ပြုံးပြသည်။ Eastonသည်လည်း ပြန်လည်ပြုံးပြ၍အနားသို့သွားကာ
"မင်္ဂလာပါ ဦးလေး Alfert....."
"မင်္ဂလာပါကွယ်......ဦးလေးတို့ ခြံထဲလမ်းလျှောက်ရင်းစကားပြောကြမလား....."
Alfert၏ မျက်နှာသည် ပြောစရာအများအပြားရှိနေသည့်ပုံပေါက်သောကြောင့် Eastonက စိုးရိမ်မိသွားသည်။ သူ၏စိတ်ထဲတွင်လည်း မကောင်းသောအငွေ့အသက်များအားခံစားနေရမိသည်။
YOU ARE READING
မှားခဲ့လေသော ကံကြမ္မာ (Completed )
Truyện Ngắn"ဒီတံတားကိုသာကျော်ဖြတ်နိုင်ရင် ကိုယ်တို့ထာဝရပေါင်းဖက်လို့ရပြီ Easton Park " "ငါ....မလုပ်နိုင်ဘူး Jeon Ian.....မဖြစ်နိုင်ဘူး....ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး" "မဖြစ်နိုင်တာမရှိပါဘူး.....မဖြစ်သေးတာပဲရှိတာပါ.....ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်လက်ကိုဆွဲလို...