17(uni+Zg)

827 79 11
                                        

Eastonနှင့်အကြီးအကဲ Nicholas တို့အိမ်သို့ပြန်လာခဲ့ကြသည်။ Eastonသည် မျက်နှာမကောင်းစွာဖြင့် ရှ်ိနေပြီး အကြီးအကဲသည်လည်း Easton၏မျက်နှာရိပ်ခြေအားအကဲခတ်နေရသည်။ အိမ်မကြီးထဲသို့ဝင်လာသည်နှင့် မစ္စစ် Bella က အဖြူစွတ်စွတ်စာအိတ်အားကိုင်ထား၍ အကြီးအကဲထံသို့လျှောက်လာပြီး စာအိတ်အားကမ်းပေးလိုက်ကာ

"အကြီးအကဲအတွက် စာရောက်နေပါတယ်"

Nicholas က မျက်ခုံးပင့်လိုက်၍ စာအိတ်အားယူလိုက်သည်။ Eastonသည်လည်း ဘေးမှစောင့်ကြည့်နေသည်။ စာအိတ်ပေါ်ရှိ​တံဆိပ်တုံးမှာ Edmud Henry Alexander ဖြစ်နေသောကြောင့် စိတ်လှုပ်ရှားစွာဖွင့်ကြည့်လိုက်တော့ Catherine အတွက်တိုင်ကြားစာရောက်နေကြောင်းနှင့် Henryကိုယ်တိုင်လည်း Catherine ၏သတင်းများကိုကြားထားရုံမက တော်ဝင်မျိုးနွယ်အချို့ကလည်း သိထားနှင့်ပြီဖြစ်ကြောင်း၊ ထိုကိစ္စအားဆွေးနွေးရန် Edmud စံအိမ်သို့ဆင့်ခေါ်ထားခြင်းဖြစ်သည်။ Nicholas က ဆင့်ခေါ်စာအားပြန်၍ခေါက်လိုက်ပြီး

"ညနေ ရထားလှည်းအသင့်ပြင်ခိုင်းထားလိုက်.....Catherine ရော သူ့အခန်းမှာလား"

"သခင်မလေးက ပြန်မလာသေးပါဘူး....."

မစ္စစ် Bella၏စကားကြောင့် Nicholas က မျက်ခုံးများတွန့်ချိုးလိုက်ပြီး

"အရင်ပြန်သွားနှင့်တာကို......ထားပါလေ.... လုပ်စရာရှိတာဆက်လုပ်ပါ........Eastonလည်းနားတော့လေ"

Eastonက ခေါင်းညွတ်အရိုအသေပေးလိုက်၍ အပေါ်ထပ်သို့တက်လာခဲ့သည်။ လှေကားထိပ်သို့ရောက်စဥ်မှာပင်

"မစ္စစ်Bellaရေ!!!!!!! အကြီးအကဲ!!!!!!!"

ယောကျာ်းတစ်ယောက်၏ကျယ်လောင်စွာအော်ခေါ်သံနှင့်အတူ ရထားလှည်းအသံမှာလည်းဆူညံသွားသည်။ အကြီးအကဲNicholas က ရထားလှည်းအားဒုန်းဆိုင်းမောင်းလာသူကိုမေးလိုက်သည်။

"မောင်ရင်ကဘယ်သူလဲ.....ဘာကိစ္စနဲ့ ဆူညံအောင်ပြုရသလဲ"

ထိုသူက လှည်းပေါ်မှ အလျင်အမြန်ဆင်း၍အကြီးအကဲအားအရိုအသေပေးလိုက်သည်။

"Mike...."

Eastonက တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ လှည်းမောင်းလာသူမှာ စာပို့သမားMikeဖြစ်နေသည်။ Mikeက

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now