" မျက်နှာက ဘာလို့ဆူပုတ်နေတာလဲ ဒီလို
တွေ့ရတာတောင် ကံကောင်းနေပြီကို"ဟာရီရဲ့ အသံတိုးတိုးလေးက ဂယူဗင်းအတွက်တော့ ချစ်ချင်စဖွယ်။ ခိုးကြောင်ခိုးဝှက်တွေ့ရတာကိုတော့ မကြိုက်ပေမဲ့ လည်း ချစ်ရသူက အလိုရှိတော့လည်း ဒီလောက်တော့ သည်းခံရုံပေါ့။
"ကိုယ်မှားတာ အရင်ကများ ဘာလို့ သဲ နဲ့
ရန်ဖြစ်ခဲ့မှန်းမသိ အဲတုန်းကတည်းက သဲ
ဘာလုပ်လုပ်သည်းခံခဲ့ရမှာ""ဟွန့် အခုမှသိလား"
မကျေနပ်ဟန်ပြတဲ့ ရည်းစားလေး မျက်နှာသည်
ဂယူဗင်းအတွက်တော့ အသည်းယားစရာ
အလွန်ကောင်းသည်။ ရပ်ကွက်ပန်းခြံလေးထဲမှာ
ဘေးချင်းကပ်ထိုင်ပြီး စကားပြောနေရတာက
ဂယူဗင်းအတွက် တင်းတိမ်နိုင်ဖွယ်မရှိ။ ချစ်ရသူကို ထိတွေ့ချင်သည်။နမ်းရှိုက်ပစ်ချင်သည်။ဟာရီသည်လည်း သူ့စိတ်ကိုနားလည်မယ် လို့ထင်သည်။ ပန်းရောင်သန်းနေသော မျက်နှာလေးကို ငုံ့ပလိုကိကာ ဂယူဗင်း၏ အကြည့်တွေကနေ ရှောင်ဖယ်ပစ်ဖို့ကြိုးစားသည်။
ဒီလို သရုပ်ဆောင်နှစ်ယောက် အတွဲဖက်ညီစွာ
သရုပ်ဆောင်နေကျသည်က အလွန်လိုက်ဖက်လှသည်။ ချစ်ကြည်နူးစရာကောင်းနေပေမဲ့
ရစ်ခီ ကတော့ ဘာလို့မှန်းမသိ
မကျေမနပ်လေးတော့ဖြစ်နေသည်။"အဲလောက် အပိုလုပ်ပြီး သရုပ်ဆောင်စရာလိုလို့လား"
ဂယူဗင်း၏ မျက်နှာနဲ့ ဟာရီ ရဲ့ မျက်နှာ
ထိကပ်သွားမည့် အချိန်မှာ ရစ်ခီ သရုပ်ဆောင်ဖို့အချိန်ရောက်ရှိလာသည်။"မင်း "
အင်္ကျီစကို ဆောင့်ဆွဲကာ ဂယူဗင်း မျက်နှာအား လက်သီးနဲ့ရွယ်သည်။ အထိတ်တလန့်နဲ့
ကြောင်အသွားသော ဂယူဗင်း၏ သရုပ်ဆောင်ချက်သည် အလွန်ပီပြင်သည်။ရစ်ခီ မကြိုက်ပေမဲ့ လက်ခံရမှာတစ်ခုရှိသည်
ဂယူဗင်းသည် သရုပ်ဆောင်သည့် နေရာမှာ
တစ်ဖက်ကမ်းခတ်နေအောင်တော်သည်။" မလုပ်နဲ့ "
ဟာရီသည် အလန့်တကြားတားလာသည်။
![](https://img.wattpad.com/cover/354540429-288-k959112.jpg)