စူးရှတဲ့အလင်းရောင် ထိုးကိုက်နေတဲ့ ခေါင်းနဲ့
အတူ စတင်လာတဲ့ ရစ်ခီရဲ့ မအီမသာ မနက်ခင်း။ အရက်သောက်ရတာ ကြိုက်ပေမဲ့
အရက်နာကျတာကိုတော့ တကယ်မကြိုက်။ရစ်ခီ အရက်သောက်တာရှားရခြင်းကလည်း
အရက်နာကျသည့်ဒဏ်ကို မခံနိုင်လို့ဖြစ်သည်။"ဒါ ဘယ်နေရာလဲ"
ထထိုင်လိုက်ပေမဲ့ မဖွင့်နိုင်သေးတဲ့ မျက်လုံးကြောင့် ရစ်ခီ ကုတင်ပေါ်တွင် ခဏငုတ်တုတ်ထိုင်မိသည်။
ခေါင်းကြည်သွားသည်ဆိုမှ အခန်းတွင်းစူးစမ်း
ကြည့်လိုက်တော့ မြင်နေကျမဟုတ်တဲ့ အပြင်ဆင်၊ပရိဘောဂ။"ဘယ်ကိုရောက်နေတာလဲ"
အခန်းထဲကနေ ထွက်လာလိုက်တော့ ဘယ်သူမှမရှိတဲ့ ဧည့်ခန်း။ အခန်းထဲပြန်၀င်လိုက်ကာ လှည့်ပတ်
ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့
အိပ်ခန်းတစ်ခန်းစာလောက်ရှိတဲ့ အ၀တ်လဲခန်း။
အဝတ်စားတွေမှရသည့် ခပ်သင်းသင်း
ယောကျာ်းသုံးရေမွှေးအနံ့။အနံ့ခံနိုင်စွမ်းကောင်းတာကိုပဲ အပြစ်တင်ရမယ်။
"ဂယူဗင်း အိမ်လား"
ရစ်ခီပတ်၀န်းကျင်တွင် ဒီရေမွှေးနံ့သုံးတဲ့သူသည်
ဂယူဗင်းတစ်ယောက်ပဲရှိသည်။အဲတာကြောင့်
မမှတ်မိချင်လည်း မှတ်မိနေတာဖြစ်သည်။ဘာတွေ ဘာလိုဖြစ်ကုန်မှန်းမသိပေမဲ့
တစ်ယောက်တည်းနိုးလာတာကိုတော့
ရစ်ခီ မကျေနပ်ပေ။အမှန်ဆို ဧည့်သည်ကို တစ်ယောက်တည်းမထားခဲ့
သင့်ဘူးမလား။ ဘာပဲဖြစ်ဖြစ် သူများအိမ်ကိုလာရင် ဧည့်သည်ပဲလေ။ကုတင်ဘေးက ဖုန်းကိုယူကာကြည့်လိုက်တော့
ဖွင့်မဖတ်ရသေးတဲ့ စာတိုတစ်စောင်။/ မနက်ပိုင်း ရိုက်ကူးရေးရှိလို့ ကိုယ် သွားရမယ်။
မီးဖိုချောင်က စားပွဲပေါ်မှာ မနက်စာ
ထားပေးခဲ့တယ်။ စားလိုက်ဦး မအီမသာဖြစ်နေရင် သောက်ဖို့ ဆေးလည်း ကိုယ် ထားပေးခဲ့တယ်။ နောက်ဆို အရက်တွေအများကြီးမသောက်နဲ့
သောက်လည်းမသောက်နိုင်ဘဲနဲ့/