"ဂယူ ဂယူ အအေး၀ယ်သောက်ရအောင်"
"မင်းသောက်လေ ဘာသောက်မလဲ"
လမ်းပေါ်တွင်ဖွင့်ထားသော
ဖျော်ရည်ဆိုင်အသေးလေးတွင်ဖြစ်သည်။"စတော်ဘယ်ရီ မင်းရော"
"ငါ မသောက်တော့ဘူး"
"သောက်လေကွာ"
ဆိုင်ရှေ့တွင် ခပ်ကြိတ်ကြိတ်ရန်ဖြစ်နေသည်။ဂယူဗင်းမသောက်တော့ ဘယ်လိုလုပ်မလဲ
ချွမ်းရွေ့က မတူတဲ့အရသာ နှစ်မျိုးသောက်ချင်တာ။ တစ်ယောက်တည်း နှစ်ခွက်သောက်ဖို့ကျတော
မကုန်။"ကိုကိုပြောနေတယ် သောက်လို့"
ကဲ ဂယူဗင်း လက်မြောက်လိုက်ရပါသည်။
"သရက်သီးတစ်ခွက် စတော်ဘယ်ရီတစ်ခွက်
ပေးပါဗျာ၊စတော်ဘယ်ရီထဲ
ရေခဲများများထည့်ပေးပါ"ဆိုင်ဘေးက စားပွဲမှာထိုင်စောင့်ရင်း
ချွမ်းရွေ့မှာနေသည်ကို ဂယူဗင်း ငေးကြည့်နေသည်။ ဘာလုပ်လုပ် ချစ်ဖို့ကောင်းသည်။ ပိုတိုးချစ်ရသည်။"ဟို ညီလေး "
ခေါ်သံကြားရာ လှည့်ကြည့်မိတော့ အ၀တ်စားသပ်သပ်ရပ်ရပ်၀တ်ထားတဲ့ အစ်ကိုကြီးတစ်ယောက်။"ဟုတ်ကဲ့"
"ညီလေး သရုပ်ဆောင်လုပ်ဖို့ စိတ်၀င်စားလား"
"စိတ်မ၀င်စားဘူး"
ယတိပြတ်ပင် ငြင်းချလိုက်သည်။
သရုပ်ဆောင်မှမဟုတ် ဘယ်အရာကိုမှ
ဂယူဗင်း မလုပ်ချင်။"တစ်ခေါက် ထပ်စဥ်းစားကြည့်ပါဦးလား၊
ဒီလိုလုပ် အစ်ကို ဒါလေး ထားခဲ့မယ် အိမ်ကလူကြီးတွေနဲ့ဖြစ်ဖြစ် တိုင်ပင်ပြီး ပြန်ပြောလေ"ဂယူဗင်းကြည့်လိုက်မိတော့ လိပ်စာကဒ်။
သူစိမ်းအစ်ကိုကြီး ထထွက်သွားမှ အအေးဘူးနှစ်ဘူးကို ပိုက်ထားသည့် ချွမ်းရွေ့သည် ဂယူဗင်း
အရှေ့တွင် အပြေးထိုင်သည်။
လိပ်စာကဒ်ကိုလည်း ယူကြည့်သည်။"ဝါး မိုက်တယ် ဂယူဗင်း၊အိုင်ဒေါလ်တွေပြောနေကြ လမ်းပေါ်မှာလူရွေးခံရတာမလား"
![](https://img.wattpad.com/cover/354540429-288-k959112.jpg)