အပိုင်း-၇

8 1 0
                                    

ကျောင်းသုံးလ‌နားခံလိုက်ရသောစည်သူသည်အိမ်တွင်သာလေ့ကျင့်နေသည်။

လူ့လောကတွင်ကားသူရိန့်အလောင်းကိုရှာတွေ့သွားသောမိသားစုဝင်များမှာပူပင်သောကများစွာဖြင့်ဝမ်းနည်းငိုကြွေးနေကြသည်။

သူရိန်နှင့်ရှင်းထက်စံလည်းကျောင်းသွားရန်ပြင်နေကြပြီးကောင်းပြည့်လည်းသူ၏လက်နက်များကိုတစ်နေရာတည်းတွင်သိမ်းထားနိုင်မည့်မှော်အိတ်တစ်ခုရှာဝယ်နေသည်။

စည်သူကျောင်းနားခံထားရသောကြောင့်သူရိန်တို့သည်ကျောင်းခန်းထဲသို့သာယာစွာဖြင့်ဝင်လာကြသည်။

"သာယာလိုက်တဲ့နေ့လေးဘဲကွာ"

"ဒါပေါ့"

အခန်းထဲသို့ကောင်းပြည့်ဝင်လာပြီးဆရာ၏ထိုင်ခုံတွင်ထိုင်ကာစားပွဲပေါ်ခေါင်းချ၍အိပ်နေသည်။

ကျောင်းသားများကကြောင်ကြည့်နေပြီးခဏအကြာတွင်မှကောင်းပြည့်သည်ဒီနေ့သူတို့အတွက်ရှေးဟောင်းသိုင်းကိုသင်ပေးမယ့်သူဖြစ်ကြောင်းပြောလိုက်သည်။

ကောင်းပြည့်ကိုယ်တိုင်သင်ကြားပေးမည့်အတွက်အခန်းထဲမှမိန်းကလေးများသည်မျောက်အုန်းသီးရသကဲ့သို့ခုန်ပေါက်ကုန်ကြသည်။

သူရိန်သည်လည်းထိုမျောက်များထဲတွင်တစ်ယောက်အပါအဝင်ဖြစ်သည်။

ပထမဦးစွာကောင်းပြည့်ကအခန်းထဲမှသူများအားသဲကွင်းထဲသို့ခေါ်သွားခဲ့သည်။

ထို့နောက်လက်နက်များကိုတန်းစီ၍ချထားကာကြိုက်သောလက်နက်များကိုရွေးခိုင်းသည်။

တချို့ကဓား၊တချို့ကပုဆိန်၊တချိုကလှံ အမျိုးမျိုးတို့ကိုရွေးပြီးနောက်နေရာယူလိုက်ကြသည်။

သူရိန်နှင့်ရှင်းထက်စံသည်နောက်ဆုံးကျန်ခဲ့သောလက်အိတ်နှင့်တုတ်များကိုအသီးသီးယူခဲ့ကြသည်။

ပြီးလျှင်အကြောလျှော့ခိုင်းပြီးခန္တာကိုယ်ကိုအစွမ်းတင်စေသည့်မှော်မန္တာန်ကိုသုံးစေသည်။

"Encious"

ထို့နောက်ကျောင်းသားအားလုံးကိုမှော်သတ္တဝါများနှင့်တိုက်ခိုက်စေပြီးမိမိယူထားသောလက်နက်များဖြင့်အသားကျအောင်လုပ်ခိုင်းသည်။

ဒွာရာဝတီOpowieści tętniące życiem. Odkryj je teraz