သူရိန်တစ်ယောက်တောထဲတွင်အတော်သင့်ကြာပြီးနောက်ဝက်ဝံတစ်ကောင်အားတွေ့သည်။
အညိုရောင်အဆင်းနှင့်ဆယ်ပေလောက်ထိကြီးမားသည့်ဝက်ဝံသည်လဲလျောင်းအိပ်စက်နေသည်။
သူရိန်သည်ဝက်ဝံအားဖမ်းရန်အနားသို့တိတ်တဆိတ်ချဉ်းကပ်သွားပြီးလက်အိတ်ကိုဝတ်ဆင်ကာ "Enchanous" ဟုရွတ်ပြီးဝက်ဝံအားခေါင်းကိုပိတ်ထိုးချလိုက်သည်။
ဝက်ဝံကြီးသည်လန့်လန့်ဖြင့်နိုးလာ၍ကျယ်လောင်စွာအော်ဟစ်လိုက်ရာအသံဆိုးကြီးတစ်ခုသည်တောထဲ၌ပျံ့နှံ့၍သွားပေတော့သည်။
ထိုအသံကိုကျန်သောသူများကလည်းကြားပြီးအသံထွက်ပေါ်လာရာနေရာသို့အမြန်ပြေးလိုက်လာကြသည်။
ဝက်ဝံကြီးသည်ဒေါသများပြင်းထန်စွာထွက်နေပြီးသူရိန့်အားလိုက်တိုက်ခိုက်သည်။
သူရိန်လည်းအစွမ်းကုန်သုံးတိုက်ခိုက်ရန်ပြင်ဆင်ပြီးနောက်သိုအနည်းငယ်ဆုတ်ကာ "Neam"
ဝက်ဝံကြီး၏အောက်တွင်စက်ကွင်းတစ်ခုပေါ်လာပြီးစက်ဝိုင်းထဲမှအစောင့်ပုံစံဖြင့်သူများသည်ဝက်ဝံကြီးအားစက္ကန့်ပိုင်းအတွင်းသတ်လိုက်ကြသည်။
"တော်သေးတာပေါ့မဟုတ်ရင်ငါတော့ဝက်ဝံစာဖြစ်ပြီ"
ပြောနေရင်းပင်အစောင့်အရှောက်သရဲများသည်သူရိန့်အားတိုက်ခိုက်လာကြပြီးသူရိန်တစ်ယောက်သူ့ကိုဘာလို့တိုက်ခိုက်မှန်းစဉ်းစားမရဖြစ်နေသည်။
သူရိန်အသုံးပြုလိုက်သောမှော်မန္တာန်သည်ရှေးဟောင်းကျိန်စာမှော်ဖြစ်ပြီးအသုံးပြုသူသည်မှော်မန္တာန်ထက်အားနည်းနေပါကမိမိကိုတိုက်ခိုက်မည်ဖြစ်သည်။
သူရိန်သည်မှော်စွမ်းအားအကန့်အသန့်မရှိသော်လည်းမှော်စွမ်းအင်ခြယ်လှယ်မှုနှင့်ထိန်းချုပ်မှုအပိုင်းတွင်ကလေးသာသာရှိသည်။
ထို့ကြောင့်တိုက်ခိုက်ခြင်းခံရသည်။
အမြန်ဆုံးလိုက်လာကြသောအဖွဲ့ဝင်လေးယောက်သည်လည်းဆိုးရွားသောမှော်အရှိန်အဝါတစ်ခုခံစားမိလိုက်သည်။
KAMU SEDANG MEMBACA
ဒွာရာဝတီ
Fiksi IlmiahGenre ပေါင်းစုံထည့်ထားပြီးရက်စက်ကြမ်းကြုတ်တဲ့အပြုအမူအပြောအဆိုတွေပါဝင်ပါတယ်