အပိုင်း-၁၂

5 0 0
                                    

စစ်ပွဲထဲတွင်အပြေးအလွှားဖြင့်ကောင်လေးတစ်ယောက်အသက်လုပြေးနေရသည်။

ရင်ဘတ်ထဲတွင်ချစ်သူအားပွေ့ကာမိုးပေါ်မှကျလာသောမီးမြှားများကိုရှောင်တိမ်းကာတောတွင်းထဲလုံခြုံရာသို့ပြေးဝင်သွားသည်။

ထို့နောက်သွေးသံတရဲရဲနှင့်လက်တစ်ဘက်ပြတ်နေသောချစ်သူအားကုသခြင်းမှော်ကိုအသည်းအသန်သုံးပြီးကုသပေးနေသည်။

မှော်အစွမ်းမှာအင်မတန်နည်းပါးသည့်အတွက်သွေးတိတ်အောင်ပင်မလုပ်ပေးနိုင်။

ထို့နောက်တောထဲမှခြေသံများကြား၍ခြုံထဲသို့အမြန်ဝင်၍အသံမထွက်ရဲဘဲပုန်းနေရသည်။

"ဟျောင့်တွေဒီနားမှာရှိသမျှမှော်ဆရာငကြောင်တွေအကုန်လုံးကိုလိုက်ရှာပြီးသတ်ပစ်ကြစမ်း" တောထဲမှလူတစ်ဦးထံမှာထိုသို့အော်သံတစ်ခုကိုကြားလိုက်ရသောကောင်လေးသည်အသက်မရှူရဲလောက်အောင်ပင်ကြောက်ရွံ့နေပြီးချစ်သူအားတင်းတင်ကြပ်ကြပ်‌ဖက်ထားမိသည်။

ကင်းလိပ်ချောတစ်ကောင်ဘေးမှဖြတ်သွားသောကြောင့်ခြုံထဲမှအသံထွက်မိသွားသည်။

ထိုသည်ကိုကြားလိုက်ရသောလူများသည်ခြုံထဲသို့အပြေးလာပြီးကောင်လေးအားမျက်နှာကိုခြေထောက်နှင့်နင်း၊လက်သီးဖြင့်ထိုးလုပ်ကြသည်။

ကောင်လေးသည်သေမတတ်အောင်နာကျင်နေသော်လည်းချစ်သူအားလက်ထဲမှမချဘဲပွေ့ဖက်ကာငိုနေသည်။

"ဟျောင့်တွေသူ့လက်ထဲကကောင်မကိုယူလိုက်စမ်း" ရဲမက်ခေါင်းဆောင်မှအမိန့်ပေးလိုက်သည်။

"မလုပ်နဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျွန်တော်တို့ဘာမှမသိပါဘူး မလုပ်ပါနဲ့" ငိုယိုပြီးတောင်းပန်နေသောကောင်လေးကိုတစ်စက်မှဂရုမစိုက်ဘဲသူ၏ချစ်သူအားဓားဖြင့်ခြေထောက်မှအသားများကိုလှီးထုတ်နေသည်။

"နာတယ်..ဆက်မလုပ်ပါနဲ့တော့သတ်ပေးပါတောင်းပန်-" ကောင်မလေးသည်သတ်ပေးရန်တောင်းဆိုနေရင်းပင်ခြေထောက်တစ်ချောင်းလုံးဖြတ်ခံလိုက်ရသည်။

အသံများဆက်မထွက်နိုင်တော့ဘဲသေခါနီးအနေအထားဖြစ်နေသောချစ်သူအားကောင်လေးသည်ဘာတစ်ခုမျှမလုပ်နိုင်ဘဲကြည့်နေရသည်။

ဒွာရာဝတီWhere stories live. Discover now