အပိုင်း-၄

10 1 0
                                    

နောက်တစ်ရက်တွင်...

ကျောင်းသားများ၏ပထမဆုံးကျောင်းစတက်ရမည့်ရက်ဖြစ်ပြီးဟောခန်းထဲတွင်လူများစုဝေးနေကြသည်။

သူရိန်သည်ရှင်းထက်စံအား "ဟေ့လူကျောင်းကဘာတွေသင်ပေးတာတုန်း" ဟုတီးတိုးမေးရာ "‌ရှေးဟောင်းမှော်ပညာတွေ၊သိုင်းပညာတွေ၊ပြီးတော့မှော်ပညာမှာကဏ္ဍ‌တွေအများကြီးခွဲထားတယ်မင်းတွေ့လိမ့်မယ်" ဟုပြန်ဖြေလိုက်သည်။

ဒွာရာဝတီတိုင်းသူပြည်သားများအတွက်မှော်ပညာဆိုသည်မှာဘာသာရပ်တစ်ခုသာသာဖြစ်သော်လည်းသူရိန့်အတွက်မှာအံ့ဩစရာကိစ္စတစ်ခုဖြစ်နေခဲ့သည်။

ထိုအချိန်တွင်‌ဟောခန်း၏ရှေ့ဆုံးတွင်အဖြူရောင်အရှိန်အဝါနှင့်အသက် ၁၅ အရွယ်ထင်ရသူတစ်ဦးပေါ်လာသည်။

ပြာလဲ့လဲ့မျက်လုံးအနက်ရောင်ဆံပင်နှင့်အရပ်အမောင်းကောင်းသောသူတစ်ဦးဖြစ်သည်။

ထိုသူမှာကားတခြားသူမဟုတ်ကျောင်း၏အုပ်ချုပ်သူဖြစ်ပြီးငယ်ရွယ်သည်ဟုထင်ရသော်လည်းအသက်မှာ ၅၃၁၅နှစ် ရှိနေပြီဖြစ်သည်။

ထို့နောက်လက်တစ်ချက်ဝေ့ရမ်းလိုက်ပြီးကျောင်းသားများအတွက်ထိုင်စရာခုံနှင့်စားပွဲများကိုပြင်ဆင်ပေးလိုက်သည်။

စားပွဲပေါ်တွင်နက်ပြာရောင်ကျောက်တစ်လုံးချထားပြီးကျောင်းသားများအားထိုကျောက်ကိုကိုင်ကာမိမိ၏ကိုယ်တွင်းမှစွမ်းအင်များကိုကျောက်တွင်းသို့သွင်းစေသည်။

တစ်မိနစ်အကြာတွင်...(ပေါက်ကွဲသံ)
ရပ်ကြည့်နေသောဆရာများက "မဖြစ်နိုင်တာ...မြန်လွန်းတယ်..ကျောင်းရဲ့ထိပ်တန်းတွေအတွက်တောင်ဒီလို‌ကျောက်ကိုပေါက်ကွဲစေဖို့မလွယ်ကူဘူး"

ကျောက်ကိုဖောက်ခွဲလိုက်သူသည်တခြားသူမဟုတ်သူရိန်၏အခန်းဖော်ရှင်းထက်စံဖြစ်သည်။

ထို့နောက်ငါးမိနစ်ပြည့်သောအခါကျောက်များတချို့ပေါက်ကွဲကြပြီးအနည်းငယ်သာမပေါက်ကွဲဘဲကျန်ခဲ့သည်။

မပေါက်ကွဲသောကျောက်များတွင်ကျောင်းသားများထည့်နိုင်လိုက်သောစွမ်းအင်များကိုစစ်ဆေးပြီးပေါက်ကွဲရန်နီးစပ်သောသူများအားဝင်ခွင့်ပေးလိုက်သည်။

ဒွာရာဝတီHikayelerin yaşadığı yer. Şimdi keşfedin