A.A.A-1.4-

46 2 0
                                    

- - UNICODE -

'ဒီတော့ ငါ့အတွက် mission တစ်ခုပြီးသွားပြီပေါ့ ဒါနဲ့လေ '

^ ပြောလေ Host^

'ဒုတိယ mission က ဘာပါလိမ့် ငါမေ့သွားလို့'

-ဒီ Host ကတော့လား ဟင်းဟင်း

^ဇာတ်လိုက်မရဲ့ မျက်နှာဖုံးကို ခွာချရန်ပါ Host ^

' ဒီနေ့က သူမ ဇာတ်လိုက်ရဲ့ Company မှာ အလုပ်စဝင်မှာမလား ဖြည်းဖြည်းချင်း လုပ်ငန်းစကြတာပေါ့ '

^ လူတွေရှေ့ဆိုတော့ ခွာချဖို့ ခက်လိမ့်မယ်ထင်တယ်နော် Host^

' ကင်မ်ထယ်ယောင်းပါ တစ်ဆင့်ချင်းသွားကြတာပေါ့ ခုလက်ရှိမှာ သူမက လုထုအချစ်တော်လေးဆိုတော့လေ '

"သည်းငယ် ကားပေါ်တက်မယ်လေ ဘာတွေစဉ်းစားနေတာလဲ ဒါမှမဟုတ် မနက်က သည်းငယ်မကြိုက်တဲ့ နွားနို့ကို အတင်းသောက်ခိုင်းမိလို့ စိတ်စိုးနေတာလား "

မျက်နှာငယ်လေးနဲ့ ပြာယာစွာ မေးလာတဲ့ ဇာတ်လိုက်အသံကြားမှ ထယ်ယောင်း လက်ရှိကို ပြန်ရောက်လာမိသည်။ စိတ်မရှိပါနဲ့ ဇာတ်လိုက်ရေ မင်းထက် ငါ့ရဲ့ mission က ပိုအရေးကြီးတယ်ကွ။

"အာ မဟုတ်ပါဘူး ဦးငယ်ရဲ့ မမကို သတိရသွားလို့ပါ မမက တစ်ယောက်တည်းဆို သိပ်အားငယ်တက်တာလေ "

*တစ်ယောက်တည်းမဟုတ်ပါဘူး သည်းငယ်ရဲ့မမက ကိုယ့်ရဲ့ CCTV လေးတွေနဲ့ အတူရှိနေမှာပါ ဟက် !*

'ကိုးခွန် ဇာတ်လိုက်က လူယုတ်မာပြုံးကြီးနဲ့ ဘာလားပဲ စိတ်မမှန်တာများလား ကြောက်စရာကြီး '

ကြက်သီးထစွာ ကိုယ့်လက်မောင်းကို ပြန်ပွတ်မိတော့ ချမ်းနေလို့လား ဆိုပြီး သူ့ကုတ်အိကျီကို လာခြုံပေးကာ ကားထဲ အတင်းထည့်သည်။ လုံခြုံရေးကြောင့်မို့ပါ ဆိုပြီး ခါးပတ်ပတ်ပေးတာက နည်းနည်း အသားယူတာက များများလုပ်သွားတဲ့ ဂျွန်ဂျောင်ကုကို သူ တကယ် ကိုက်ဖောက်ချင်နေပြီ။ ဒီဇာတ်လိုက်ကတော့လား ။

^ Host ဇာတ်လိုက်ကြောင့် ရှက်နေတာလားဟင် ^

ဇာတ်လိုက်က အေးမှာစိုးလို့ ဆိုပြီး လက်ကလေးကိုင်လိုက် ၊ ပါးလေး အေးနေလားဆိုပြီး နမ်းလိုက်နဲ့ သူ့ Host ကို အသားယူနေတာများ ။ Host ကလည်း ပါးလေးတွေ ရဲလို့ ရှက်နေတာများ ပြောမပြောချင်ဘူး ။

𝑨𝒈𝒂𝒊𝒏 𝑨𝒏𝒅 𝑨𝒈𝒂𝒊𝒏 Where stories live. Discover now