A.A.A-1.7-

45 3 1
                                    

UniCode...

'H O S T !!'

' ပလုတ်တုတ် ဦးငယ်နဲ့ ငါနဲ့လုပ် ! လန့်လိုက်တာကွာ
  စော်မရှိ ဘဲမရှိတဲ့ ကိုးခွန်လေးရယ် ဘာဖြစ်ရပြန်တာလဲ ပြောပါအုန်း '

တကယ်ပါပဲ ဒီ Host တစ်ယောက်နဲ့ကို သွေးတက်လိုက်တာနော် ။ ကိုးခွန်က System ဖြစ်နေလို့သာပဲ ။

အဲဒီ ဘာမှမသိတဲ့ အင်နိုးစန့်မျက်နှာပေးကို စိတ်ရှိလက်ရှိ ပိတ်ပြီးသာရိုက်လိုက်ချင်တော့တယ်ရယ်။

သူ့ဘာသာ သွားနေတဲ့ ဇာတ်ကြောင်းကို ဇောက်ထိုးဖြစ်အောင် မွှေသွားတဲ့ အဲဒီ Host ကြောင့် ခုတော့ ဒီကမ္ဘာမှာ ပိုကြာရတော့မယ် ။ သူများ Systemတွေဆို ပထမကမ္ဘာမှာ ခနပဲ ကြာတာရယ် ။

ကိုးခွန် ဘဝကို လာကြည့်ပါအုန်းလား အကြီးအကဲရဲ့ ။

' Host ကြောင့် ဇာတ်ကြောင်းက လုံးဝသွေဖယ်သွားပါပြီ ဇာတ်လိုက်မရဲ့ မျက်နှာဖုံးကို ခွာချနိုင်ဖို့အတွက် အရင်ကထက်ပိုပြီး ကြိုးစားရတော့မှာပါ '

' ဟောဒီက ကင်မ်ထယ်လေးက အပြစ်အကြီးကြီး ကျူးလွန်မိတဲ့ အတိုင်းပဲ ဇာတ်လိုက်မရဲ့ဘဝကို ကောင်းစေချင်လို့ ဦးငယ်ကို မမကို နိုင်ငံခြားမှာ ပညာတော်သင်လွှတ်ပေးပါ လို့ပဲ ပြောမိတာလေးကို ...'

' mission ပြီးချင်တာလည်း သူ့အပြင် မရှိဘူး
  ပြီးရင် အရေထူပြီး ထင်ရာကလုပ်သေး ဟွန်း!..'

'ဟီး ကိုးခွန်လေးကလည်း ငါက ဇာတ်လိုက်ကျော်ကြီးနဲ့ ကမ္ဘာပတ်ပြီး စားဖို့ဝါးဖို့ စိတ်ကူးရသွားလို့ပါ မင်းကိုလည်း ကျွေးမယ်လေ...နော် ...နော် '

'သူများချက်ထားတဲ့ အစားအသောက်တွေ မြိုပြီး
Host လည်း ဇာတ်လိုက်က ပြန်မြိုပါစေဗျာ !'

အိစ်!! ရက်ချက်လိုက်တာ ကိုးခွန်ရယ် ။

"သည်းငယ် ကိုယ်နဲ့ တစ်နေရာကို လိုက်ခဲ့ပေးမလား "

" ဦးငယ် ဘယ်သွားသွား သည်းငယ်က အရိပ်လေးလို အမြဲလိုက်ပါနေမှာမို့ သည်းငယ်ရဲ့ လက်ကိုသာ တွဲထားလိုက်
ပန်းပွင့်လေးနဲ့ မွှေးရနဲ့လို အမြဲကပ်ငြိနေပြီးသားပဲ ..."

"အဟားး!... အတက်ကလေးပါကွာ
  မင်းမရှိရင် ကိုယ်တကယ် ရူးရုံတင်မကပဲ သေပါသေသွားနိုင်တယ်ဆိုတာ သိထားပေးပါ သည်းငယ် "

You've reached the end of published parts.

⏰ Last updated: Nov 19, 2024 ⏰

Add this story to your Library to get notified about new parts!

𝑨𝒈𝒂𝒊𝒏 𝑨𝒏𝒅 𝑨𝒈𝒂𝒊𝒏 Where stories live. Discover now