-UNICODE-
ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကို တွေ့ချင်ဇောကြီးပြီး တစ်ညလုံးအိပ်မပျော်ခဲ့တဲ့ ရလာဒ်က မျက်လုံးတွေရဲပြီး ခေါင်းမကြည်တော့တာပဲ ။ ဒါပေမယ့် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မအကြောင်း ပိုပြီးသိလိုက်ရတယ်လေ ။
ကိုးခွန်လေးအနေနဲ့ ဒီ Host နဲ့ပတ်သတ်ပြီး နောက်ထပ်မှတ်ချက်တစ်ခုက
-2- သူများကို ဒုက္ခပေးရမယ်ဆိုရင် အတော်လေးကို ပျော်နေတက်ခြင်း ပဲ
ဖြစ်တယ် ။
သူ့အနေနဲ့ကတော့ စကားပြောရမှာတောင် ပျင်းနေလို့ Host က လေလာပေါလည်း "Water Follow , Fish Follow" ပဲ ။ ဟွန်း အိပ်နေတာက ပိုအကျိုးရှိတာကို ဘာလို့နားမလည်ကြလဲ မတွေးတက်ဘူး ။
"ကိုးခွန် ငါပြောနေတာ ကြားလား
ဒီလောက်ဆို အဆင်ပြေပြီလား လို့ !"စူးခနဲထွက်လာတဲ့ အသံကြောင့် အိပ်ငိုက်ဖို့ အကြံတောင် လွင့်ပြေးသွားပြီ ။ ဘယ်လို Host လည်းကို မသိဘူး ။
^ဟုတ်ကဲ့ အဆင်ပြေပါတယ် Host ဒီလောက်ဆို ဇာတ်လိုက်ဆီက အတန်ရှည် အဲလေ အတန်းရှင်း သေချာပေါက်ရမှာပါ Host^
"အေး အဲဒီအတန်ရှည်ကို မင်းပဲကိုင်ထား "
ဒါလေးမှားပြောမိတာကို ။ ဘဝအဆက်ဆက် Bottom ထိုင်ရမယ့်အပြင် ဘယ်ဘဝရောက်ရောက် မြင်ကတည်းက ဆွဲစိခံရပါစေဗျား ။
ပြောချင်ရာေပြာပြီးတာနဲ့ ကော့တော့ကော့တော့ထွက်သွားတဲ့ ကင်မ်ထယ်ယောင်းကတော့ ကိုးခွန်လေးရဲ့ မေတ္တာပို့မှုကို မသိနိုင်ပဲ ဇာတ်လိုက်မကို ဒုက္ခပေးနိုင်ဖို့သာ စိတ်ရောက်နေခဲ့လေသည် ။
.
.
."Nine J2 Group မှ ကြိုဆိုပါတယ် ဘာများကူများပေးရမလဲ "
Reception က ကောင်မလေးစကားကြောင့် ထယ်ယောင်း စိတ်ပျက်စွာ မျက်လုံးလှန်ကြည့်မိလိုက်သည် ။ တကယ် အပိုစကားတွေသိပ်ပြောတက်တာပဲ ။ ငါ့အဝတ်အစားရဲ့ Brand ကိုမြင်ပြီး ဖားနေတဲ့လူတစ်ယောက်အပြင် အဆင့်မရှိဘူး ။
"မင်းတို့ CEO နဲ့တွေ့ချင်တယ် "
"ကြိုတင်ချိန်းထားပါသလား"
YOU ARE READING
𝑨𝒈𝒂𝒊𝒏 𝑨𝒏𝒅 𝑨𝒈𝒂𝒊𝒏
Fanfiction"ဘယ်လိုလုပ်ရမလဲ ကျွန်တော် ထပ်ချစ်မိသွားပြန်ပြီ" Jeon Jung Kook × Kim Tae Hyung Both ZAWGYI & UNICODE