- UNICODE -
"သည်းငယ် ခု ဘယ်သူနဲ့အတူနေတာလဲ "
'ငါ ကြာပန်းဖြူလေး လုပ်သင့်လား ကိုးခွန် '
^ ဇာတ်လိုက်က ဒီအတိုင်းလည်း Host ကိုတော်တော်ချစ်နေပါတယ်နော် ^
'အကြံကောင်းထွက်လာမလား တိုင်ပင်တာကို အသုံးကို မကျဘူး ဟွန်း'
ကိုးခွန် ဘီလိုက်ခ်- ဟမ်!!
" ဦးငယ် မှတ်မိတယ်မလား ကျွန်တော့်မမကို မမက ကျွန်တော့်ကို အများကြီးချစ်ပြီး ဂရုစိုက်တယ် သိလား ပြီးတော့ မမက သိပ်လှတာ "
"ကိုယ့်သည်းငယ်က ပိုလှတယ် "
အတည်ပေါက်ကြီး ထထပြောတဲ့ ဇာတ်လိုက်ကြောင့် ထယ်ယောင်းရဲ့ နှလုံးသားလေးမှာ ယိုင်နဲ့လုလု။ မဖြစ်ဘူး အချစ်ဆိုတာ အတုအယောင်တွေပဲ ။ တကယ်မရှိဘူး ။ ဟုတ်တယ် တကယ်မရှိဘူး ။ ပြီးတော့ ဒီလူက ပုံရိပ်ယောင်သပ်သပ်ပဲ။
" ဦးငယ် "
"ဗျာ သည်းငယ် "
ဟာ ဒီလူကတော့ ။
"ကျွန်တော် အိမ်ပြန်တော့မယ် မမစိတ်ပူနေလိမ့်မယ် "
" ကိုယ် လိုက်ပို့မယ်လေ သည်းငယ် ရဲ့ ကိုယ့်ကို ပစ္စည်းဥစ္စာမရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ နှိမ်ခဲ့တဲ့ မင်းရဲ့ချစ်လှစွာသော အမကို လိုက်တွေ့ချင်လို့ ရတယ်မလား သည်းငယ် "
' ဝါး အမုန်းတရားတွေ ပြင်းထန်နေပြီး အရှိန်အဝါက ပြင်းထန်လိုက်တာ ဇာတ်လိုက်လို့ ထုတ်ပြောစရာကို မလိုပဲနဲ့လေ ဒီလိုဆိုတော့ မင်းပေးတဲ့ ဇာတ်ကြောင်းကို ငါစဉ်းစားကြည့်မရဘူးဖြစ်နေတယ် သူ့ငယ်ချစ်ဦးရဲ့အမကို သူဘယ်လိုချစ်မိသွားခဲ့တာလဲဆိုတာကို'
^ လွယ်နေတာကို ခက်အောင်လုပ်နေတာပဲ Host ကတော့ ကင်မ်ချယ်ယောင်းက ဇာတ်လိုက်မလေ ကမ္ဘာရဲ့သမီးတော်ဖြစ်တဲ့အလျောက် အလှတရားက ပြိုင်ဘက်ကင်း ၊ ရုပ်နဲ့မလိုက် ကြာပန်းဖြူလုပ်ပြမှတော့ ဘယ်သူက တောင့်ခံနိုင်မှာလဲ ပြီးတော့ မူလပိုင်ရှင်နဲ့ ဇာတ်လိုက်က တွေ့ဆုံခဲ့ပေမယ့် မသိခဲ့ကြဘူး မူလပိုင်ရှင်ကလည်း သူ့ငယ်ချစ်ဦးက သူ့ဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူး ၊ လုံးဝစွန့်ပစ်သွားပြီ ဆိုပြီး စိတ်နာနေခဲ့တာလေ ဉာဏ်ကို လွှာသုံးစမ်းပါ Host ရယ် ကျွတ် ကျွတ်^
YOU ARE READING
𝑨𝒈𝒂𝒊𝒏 𝑨𝒏𝒅 𝑨𝒈𝒂𝒊𝒏
Fanfiction"ဘယ်လိုလုပ်ရမလဲ ကျွန်တော် ထပ်ချစ်မိသွားပြန်ပြီ" Jeon Jung Kook × Kim Tae Hyung Both ZAWGYI & UNICODE