-UNICODE -
'ကိုးခွန် ငါပြောထားတဲ့အတိုင်း စီစဉ်ပြီးပြီလား '
^ Nae စီစဉ်ပြီးပါပြီ ကျွန်တော် တကယ်စိတ်ဝင်စားနေပြီ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကိုလေ ^
'ငါကျိန်ပြောရဲတယ် ဒီကိစ္စဖြစ်ပြီးတာနဲ့ လူတွေရဲ့အမြင်က သုံးပုံတစ်ပုံတော့ ပြောင်းလဲသွားမှာပဲ '
Knock!! Knock!!
"CEO ရှင့် Meeting စဖို့ အချိန်ရောက်ပါပြီ "
"လူစုံပြီလား "
သူ့ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်ငယ်လေးရဲ့ ဆံပင်လေးတွေကို နူးညံ့စွာ ပွတ်သပ်ပေးနေရင်း ပြန်မေးလာတဲ့ သူမရဲ့ ငယ်ချစ်ဦး က သိပ်ကိုခန့်ညားလွန်းတာပဲ ။ စိတ်မရှိပါနဲ့ ဂြိုလ်ကောင်လေးရယ် အဲဒီအမျိုးသားက ငါနဲ့မှ ပိုလိုက်ဖက်တာမို့လို့လေ ဟက် !။
"NAE CEO "
"ဒါဆို Meeting Room ကနေပဲ စောင့်နေပါ သည်းငယ်နိုးတာနဲ့ လိုက်လာခဲ့မယ် "
"Nae "
'ဇာတ်လိုက်မ ထွက်သွားပြီလား '
^ ဟင့်အင်း Host အခန်းတံခါးဝမှာ ရှိနေတုန်းပဲ ^
'ကဲ ဇာတ်လိုက်မအတွက် လမ်းစဉ် 3!'
"ဟင့် ဦးငယ် ဘာလို့ဆူနေတာလဲ ! ကျွန်တော်မကြိုက်တာကို သိသားနဲ့ "
"ကိုယ် တောင်းပန်ပါတယ် သည်းငယ်ရယ်
ကိုယ် ဆူလိုက်မိတာ ဟုတ်ပြီနော် စိတ်မစိုးပါနဲ့ သည်းငယ်ရယ် "" ဦးငယ်က ဘယ်သွားမလို့လဲ သည်းငယ်ကော လိုက်မယ် ချီ "
လက်နှစ်ဖက်ကို ဆန့်တန်းကာ ချီခိုင်းမိတော့ ဇာတ်လိုက်က ရယ်တယ် ။ "သိပ်ကို ချစ်ဖို့ကောင်းလွန်းတယ် "တဲ့လေ ။
ညင်ညင်သာသာလေးပဲ ပွေ့ချီရင်း ကျောပြင်ကို ပွတ်သပ်ပေးတယ်။ အရင်ဘဝတည်းက အအိပ်မက်တဲ့ ကင်မ်ထယ်ယောင်းအတွက် ပြန်အိပ်ချင်လာပြန်ပြီ ။သူ့ Host ကို ပွေ့ချီသွားရင် ဇာတ်လိုက်မကို အကြည့်စူးစူးပေးသွားတဲ့ ဇာတ်လိုက်ကြီးကြောင့် လုပ်ငန်းစဉ် 3 ကအောင်မြင်သွားမှန်းသိလိုက်သည် ။ စိတ်မကောင်းလိုက်တာ ဇာတ်လိုက်မရယ် ကျွတ်ကျွတ်ကျွတ် ...။
YOU ARE READING
𝑨𝒈𝒂𝒊𝒏 𝑨𝒏𝒅 𝑨𝒈𝒂𝒊𝒏
Fanfiction"ဘယ်လိုလုပ်ရမလဲ ကျွန်တော် ထပ်ချစ်မိသွားပြန်ပြီ" Jeon Jung Kook × Kim Tae Hyung Both ZAWGYI & UNICODE