အပိုင်း ၁၄ [ တစ္ဆေပူးကပ်ခြင်း ] (3)
⟨⟨ဆန္ဒ⟩⟩
လင်ပန့်ရှစကားတစ်ခွန်းကိုကြားဖူးသည်။
"သူမငယ်ရွယ်ချိန်တုန်းက ကံကြမ္မာက ပေးခဲ့တဲ့လက်ဆောင်ဟာ လျှို့ဝှက်ဈေးနဲ့ ရေးထားပြီးသားမှန်း သူမ မသိခဲ့ဘူး”
ဒီစကားကချန်ယွိလျိုနဲ့ကျတော့ မလိုက်ဖက်ပေ ။
ချန်ယွိလျိုကသူမရဲ့လျှို့ဝှက်ချက်ကိုသုံးပြီး ဆင်းရဲမှုကနေလွတ်မြောက်ခဲ့သည် ။ သူမဝမ်းသာသင့်၏ ။ သူမရဲ့အိမ်မက်ထဲကလို ဟိတ်ဟန်ကြီးတဲ့ အထက်တန်းစားအိမ်ထဲနေရင်း ကောင်းလှဆိုတဲ့အစားကိုစားပြီး ခမ်းနားလှပတဲ့အဝတ်တွေကိုဝတ်သည် ။ ဒါပေမဲ့ ချန်ယွိလျိုက သူမပျော်ဖို့ပိုခက်လာတယ်လို့ခံစားလာရသည် ။ ဒါကယုတ္တိမရှိတာတော့မဟုတ် မျက်နှာပေါ်ကနေပျော်ရွှင်တဲ့ခံစားချက်ဟာ တစ်ခုခုရဲ့အဆုံးမရှိစုပ်ယူခံနေရသလို သူမပိုက်ဆံဖြုန်းနေပေမယ့်လည်း ပျော်ရွှင်မှုကိုနားလည်ဖို့ တစ်ရာရာခိုင်နှုန်း ခက်ခဲလာသည်။
"အစတုန်းက သောင်းဂဏန်းပဲ" ချန်ယွိလျိုက ဂရုမစိုက်စွာဆိုသည် : "ဝမ်းသာသာမှလွန်ရောပဲ နောက်တော့ သန်းနဲ့ချီပြီးရခဲ့ပေမယ့် ဘာမှခံစားလို့မရတော့ဘူး"
လူနှစ်ယောက်ကတိတ်တဆိတ်နားထောင်နေရင်း မှတ်ချက်မပေးပေ ။
"ဒါပေမဲ့ ငါ့ရဲ့ခင်ပွန်းကငါ့ကိုချစ်နေသေးတယ်" ချန်ယွိလျိုကပြုံးရင်းဆက်ပြောသည် : "သူတကယ်ငါ့ကိုအရမ်းချစ်တယ် သူ့ရဲ့အိမ်ကိုခေါ်သွားပြီး ငါ့ကိုလည်းအရမ်းချစ်ခဲ့တယ် ငါကမိဘမဲ့ဖြစ်နေပေမယ့် သူ့ရဲ့မိဘတွေကမိဘအရင်းတွေလိုချစ်ပေးတယ် ငါတို့မှာ ဉာဏ်ကောင်းပြီး လှပတဲ့ကလေးတစ်ယောက်ရှိတယ် အားလုံးကအဲ့ဒီလောက်ကိုလှပကောင်းမွန်ခဲ့တယ်........"
ပိုက်ဆံကချန်ယွိလျိုကိုပျော်ရွှင်မှုမပေးနိုင်သော်လည်း အိမ်ကနွေးထွေးမှုပေးနိုင်သေးသည် ။ သူမစိတ်ထဲကစိုးရိမ်ထိန့်လန့်မှုကိုသက်သာရာရစေခဲ့တယ် သူမရဲ့ခင်ပွန်းနဲ့ကလေးအပေါ်အာရုံစိုက်ပြီး သူမရဲ့လျှို့ဝှက်ချက်နဲ့စပြီးအကွာအဝေးခြားလိုက်သည် ။ အဲ့ဒီအချိန်က ချန်ယွိလျိုကလည်း အဲ့ဒီလျှို့ဝှက်ချက်ထဲမှာတခြားအရာတွေပုန်းကွယ်နေတယ်လို့ဝိုးတဝါးခံစားရသည် ။ သူမပြောလို့နားမလည်ပေမဲ့ အစကတည်းက အန္တရာယ်ကိုခံစားနေမိသည် ။
YOU ARE READING
အရိုးစုသရဲပန်းချီ
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန်