အပိုင်း ၇၅ [ အိမ်မက် ] (ဆုံး)
⟨⟨အိမ်ပြန်ခြင်း⟩⟩
တကယ်တော့ခုနကစကားပြောနေတုန်းကထူးဆန်းနေတယ်လို့လင်ပန့်ရှထင်ခဲ့တယ် အိမ်မက်ကနေထွက်လာပြီးတော့စုန့်ချင်းလော်ကတစ်လျှောက်လုံးပိုင်လုကျယ်ကိုမဆက်သွယ်ဘူး တကယ်တော့လည်းသူနဲ့ပြောစရာတော့မရှိပါဘူး ကိုယ့်ခန္ဓာကိုယ်ထဲမှာပိတ်သိမ်းတဲ့ကိစ္စကလီစူးကိုရှင်းပြတုန်းကတောင်ရိသွမ်းကျစ်းဝုရဲ့မူလကိုယ်မဟုတ်ပဲတွဲဖက်ဆိုတာကိုမပြောခဲ့ဘူး ဒါကြောင့်ငြင်းမယ်ဆိုရင်စုန့်ချင်းလော်ကိုယ်ထဲမှာပိတ်သိမ်းလိုက်တာကအိမ်မက်မဟုတ်ပဲချွေးကောင်းယွိဆိုတာပိုင်လုကျယ်ဘယ်လိုမှမသိနိုင်ဘူး
ဒါပေမဲ့ခုနကသူနဲ့ပိုင်လုကျယ်စကားစပြောကတည်းက စုန့်ချင်းလော်ပိတ်သိမ်းလိုက်တဲ့ရိသွမ်းကျစ်းဝုကို "အရာ" လို့တစ်ချိန်လုံးခေါ်နေတာ အစကတော့ထူးဆန်းမှုကိုပဲလင်ပန့်ရှခံစားရတယ် စူန့်ချင်းလော်ရဲ့ဗီဒီယိုကိုကြည့်ဖို့ခေါ်တော့မှပိုင်လုကျယ်ရဲ့ရည်ရွယ်ချက်ကိုနားလည်တာ
ဆိုတော့ဒါတွေအားလုံးကိုဘယ်လိုလုပ်ပိုင်လုကျယ်ကသိနေရတာလဲ?တခြားဟာတွေကိုဖယ်လိုက်ရင်အဖြေတစ်ခုပဲကျန်တယ်——သူလည်းအိမ်မက်ထဲဝင်ခဲ့တယ် ချွေးကောင်းယွိကတွဲဖက်ဆိုတဲ့ကိစ္စကိုတောင်သိနေသေးတယ် လင်ပန့်ရှရဲ့မေးခွန်းကိုနားထောင်ရင်းလင်ပန့်ရှရဲ့စကားကိုချေပရန်မရှိတော့
သူ့ရဲ့တိတ်ဆိတ်မှုကဒီအပြောကိုဝန်ခံလိုက်တာပဲ
လင်ပန့်ရှစိတ်ရှုပ်သွားသည် : "မင်းတကယ်ဝင်သွားတာလား?"
"ဟုတ်တယ်"ပိုင်လုကျယ်ကဖြေးဖြေးချင်းပြောလာသည် "ဒါပေမဲ့ဝင်တာမဝင်တာနဲ့ဘာမှမဆိုင်ဘူးထင်တယ် ငါ့အိမ်မက်ထဲမှာတော့သူနဲ့လက်တွေ့ကဘာကွာခြားမှုမှမရှိဘူး သူ့ရဲ့ရူးသွပ်နေတဲ့ပုံစံနဲ့ဆိုရင်စိတ်ကျန်းမာရေးဆေးရုံမှာအပိတ်ခံထားရပြီ ငါကဌာနကနေမထွက်ရတော့အပတ်တိုင်းမှာသူ့ကိုတစ်ခေါက်ပဲတွေ့ရတယ်"
လင်ပန့်ရှ : "........."
ပိုင်လုကျယ်ကကိုယ့်ကိုယ်လှောင်လိုက်သည် : "အိမ်မက်တစ်ခုကတောင်စစ်မှန်လွန်းနေတယ်"
YOU ARE READING
အရိုးစုသရဲပန်းချီ
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန်