အပိုင်း ၅၇ [ အိမ်မက် ] (3)
⟨⟨သတ်သေမှု⟩⟩
ကိစ္စကမူမမှန်ပေမဲ့လင်ပန့်ရှဘာကိုမှတွေးလို့မရဘူးတိတ်ဆိတ်မှုကြောင့်သူနဲ့စုန့်ချင်းလော်ကြားကလေထုမှာပိုပိုထူးဆန်းလာသည်။နှစ်ယောက်ကြားအကွာအဝေးကအရမ်းနီးနေတာကြောင့်သူခေါင်းမော့မိလိုက်တာနဲ့သူ့နှာခေါင်းနဲ့စုန့်ချင်းလော်ရဲ့မျက်နှာကိုပွတ်သပ်မိမလိုဖြစ်နေသည်။
"ဟို,ဟိုဟာ"လင်ပန့်ရှရဲ့အသံကအရမ်းတိုးနေသည်။
"ဘာလဲ?"
"ငါတို့အရမ်းနီးနေလားလို့?"သူဒါကိုပြောပြီးတာနဲ့စုန့်ချင်းလော်ရဲ့မည်းနက်နက်မျက်လုံးတစ်စုံနှင့်စိုက်ကြည့်ခံလိုက်ရသည်။အမူအရာမရှိပေမဲ့စိုက်ကြည့်နေတဲ့အကြည့်ကြောင့်လင်ပန့်ရှစိတ်မလုံတော့သူ့အသံလည်းတိုးသထက်တိုးလာပြီးနောက်ဆုံးကြားရရုံသာရှိတော့သည် : "နည်းနည်းနောက်ဆုတ်ပေးလို့ရမလား?"သူ့လေသံမှာအသက်ရှူသံတောင်မရှိတော့တွန်းအားပေနေသူကစုန့်ချင်းလော်ဖြစ်နေပေမဲ့သူ့အရှိန်အဝါကအရမ်းကြီးနေတာကြောင့်လင်ပန့်ရှကသာသူ့အပေါ်အမှားလုပ်ထားသလိုလိုအထင်မှားစေသည်။
စုန့်ချင်းလော်ကမလှုပ်,မျက်နှာပေါ်မှာလည်းဘာခံစားချက်မှာမရှိ : "နီးလို့လား?ကိုယ်တော့အဆင်ပြေသေးတယ်လို့ထင်တယ်"
လင်ပန့်ရှမျက်လုံးပြူးသွားကာထိန့်လန့်အံ့အားသင့်သွားသည်။
ဒီပုံစံကစုန့်ချင်းလော်ကိုကျေနပ်စေသည်။ကလေးကိုထပ်အနိုင်မကျင့်တော့ပဲနောက်တစ်လှမ်းဆုတ်ပေးလိုက်၏။တိုးတိုးလေးပြောနေတာကြောင့်လင်ပန့်ရှသေချာမကြားရဒါပေမဲ့သူဖြားယောင်းခံနေရတယ်လို့ခံစားနေရတယ်သူခေါင်းငုံ့လိုက်ပြီးမိမိဖိနပ်ထိပ်ကိုသာငုံ့ကြည့်နေလိုက်သည်။စုန့်ချင်းလော်ကိုလည်းအကြည့်ထပ်မဆုံရဲတော့ : "ငါအရင်ပြန်ပြီ"
"သွားလေ"နောက်ဆုံးတော့သူ့ကိုစုန့်ချင်းလော်လွှတ်ပေးလိုက်ပြီ
လင်ပန့်ရှအမြန်ပြေးသွားလိုက်သည်။လှေကားကိုရောက်တဲ့အချိန်စုန့်ချင်းလော်ဘက်ကိုတစ်ချက်ပြန်ကြည့်လိုက်တော့သူနေရာမှာပဲရပ်နေပြီးမိမိအားကြည့်နေသည်။ရုတ်တရက်ပျာယာခတ်သွားကာခလုတ်တိုက်တော့မလိုဖြစ်သွားသည်။တော်သေးတယ်ဘေးကနံရံကိုထိန်းလိုက်လို့
YOU ARE READING
အရိုးစုသရဲပန်းချီ
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန်