အပိုင်း ၉၂ [ ကျားနှင်းဆီ ] (6)

969 169 2
                                    

အပိုင်း ၉၂ [ ကျားနှင်းဆီ ] (6)

⟨⟨မာမားနဲ့သူ⟩⟩

လီစူးနဲ့လီယဲ့အကြောင်းပြောပြီးနောက် မနေ့ညကကိုယ်တွေ့ခဲ့တဲ့မြင်ကွင်းကိုစုန့်ချင်းလော်ဆီပြန်ပြောပြလိုက်သည်။သူကောင်းကင်ရဲ့ထူးဆန်းမှုကို ပထမဆုံးမြင်ရတာမဟုတ်ဘူး ဒီနေ့အထိလင်ပန့်ရှနားမလည်သေးဘူး ထူးဆန်းတဲ့အစိမ်းရောင်ကြယ်တွေက ဘာလဲဆိုတာ

နားထောင်ရင်းစုန့်ချင်းလော်မျက်မှောင်ကျုံ့လိုက်ကာ လင်ပန့်ရှမြင်ခဲ့သည့်အခြေအနေကိုတုံ့ပြန်လိုက်သည် : "ကိုယ်ဌာနကိုပြန်ပြီး မှတ်တမ်းပြန်ကြည့်လိုက်မယ် မရရင်တော့အရင်က လူအိုကိုမေးကြည့်လိုက်မယ်"

စုန့်ချင်းလော်ပြောတဲ့လူအိုဆိုတာအရင်ကသူသိခဲ့တဲ့လူဟုတ်ပုံမရတာကြောင့်မေးလိုက်သည် : "လူအို?"

"အင်း......အတော်လေးထူးခြားတဲ့လူ......"စုန့်ချင်းလော်ကပြောတယ် "အဲ့အချိန်ကျရင် မင်းနဲ့ကိုယ်အတူသွားကြမယ်"

လင်ပန့်ရှလည်းအင်းလို့ပြောလိုက်သည်။

နေကျတော့မှ ဗီလာထဲပြန်လာကြသည်။

ညဘက်တွင်ဆက်ရမည့်ကိစ္စကြောင့်ဗီလာထဲရှိလေထုမှာ မနေ့ညထက်ပိုလေးလံနေသည်။လီစူးကတော့အရိုးမရှိသလိုမျိုး ဆိုဖာကိုမှီလျက်မှိုင်တွေစွာဖြင့်တီ‌ဗီကြည့်နေသည်။လီယဲ့ကတော့မှတ်စုစာအုပ်ယူလျက်ဘေးတွင်တစ်ခုခုရေးနေသည်။အလုပ်ထင်တယ် နှစ်ယောက်ကြားရှိလေထုမှာ လိုက်ဖက်ညီနေလျက်

"ရေကြည်သေးလား?" လီစူးမှ ခေါင်းမော့ကာသူတို့နှစ်ယောက်ကိုနှုတ်ဆက်လာသည်။

"အတော်လေးကြည်တယ်" လင်ပန့်ရှပြန်ဖြေလိုက်သည်။

"ငါငယ်ငယ်တုန်းက အဲ့ဘက်ပြေးသွားရတာအရမ်းကြိုက်တာ ကလေးဆိုတော့မင်းသိပါတယ် ရေကစားရတာကြိုက်တယ်လေ အဲ့ဒါကြောင့်တော်တော်လည်းအဆူခံခဲ့ရတယ် နောက်ပိုင်းကျတော့ ကိစ္စတစ်ခုနဲ့ကြုံရတယ် အဲ့နောက်ပိုင်းငါလည်းရေမကစားဖြစ်တော့ဘူး"

သိပ်မကောင်းတဲ့ကိစ္စဖြစ်မယ်လို့လင်ပန့်ရှထင်မိတာကြောင့် ထပ်တောင်မမေးတော့ပဲလီစူးကိုနှစ်သိမ့်ဖို့လုပ်တုန်းလီစူးဆိုတဲ့အကောင်က နာကျင်ကြေကွဲနေတဲ့လေသံနဲ့ပြောလာတယ် : "ငါနဲ့မူလတန်းအတန်းဖော်က ညနေလောက်မှာရေခိုးကူးကြတယ်လေ လှည့်ကြည့်လိုက်တော့ အဒေါ်တစ်ယောက်က မြစ်ဘေးမှာကြမ်းသုတ်တဲ့အဝတ်ကိုလာလျှော်နေတာ....."

အရိုးစုသရဲပန်းချီWhere stories live. Discover now