01

392 40 6
                                    

"ကလေးတို့ ... ဒီနေ့ ဆရာမတို့ အတန်းကို ကျောင်းသားအသစ်ရောက်တယ်။ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါဦး"

ဆရာမက ရွှင်ပျစွာဖြင့် သူ့ဘက်လှည့်ပြောလာတော့ အပြင်ကိုငေးနေရာကနေ စိတ်မပါလက်မပါဖြင့် အတန်းထဲကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မင်ယွန်းဂီ လို့ ခေါ်ပါတယ်"

ထပ်ပြီး စကားသံမထွက်လာတော့တဲ့ သူ့ဆီက ဆရာမကလည်း ဘာကိုမှ မျှော်လင့်နေဟန်မပေါ်။ ရှေ့ဆုံးတန်းက လွတ်နေတဲ့ ခုံလေးမှာ ဝင်ထိုင်ခိုင်းလေတယ်။

ယွန်းဂီလည်း ဝင်ထိုင်ကာ စာအုပ်ထုတ်နေတုန်း ဘေးကလူက သူ့ကို စကားစ‌ပြော လာသည်။

"မင်္ဂလာပါ ငါ့နာမည်က ဂျောင်ဟိုဆော့။ မင်းက နှစ်ဝက်မှ ပြောင်းလာတာဆိုတော့ စာနားမလည်တာ ရှိရင် ငါ့ကိုမေးနော်။ ဆရာမက မင်းကို ဂရုစိုက်ပေးဖို့ ငါ့ကိုပြောထားတယ်"

တောက်ပတဲ့ အပြုံးချိုချိုလေးနဲ့ ပြောနေတဲ့သူ့ကို ယွန်းဂီကြည့်ကာ အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်လုံး စာသင်ကြားရေးဘက်တွင်သာ အာရုံစိုက်လိုက်ကြတော့သည်။

နေ့လယ်စာစားချိန် ရောက်လို့ ခေါင်းလောင်းတီးတာနဲ့ ဂျောင်ဟိုဆော့ တစ်ယောက် သူ့ဘေးက ခုံပေါ်မှောက်ပြီး အိပ်ပျော်နေတဲ့ တစ်ယောက်ကို နှိုးရတော့သည်။ အတန်းထဲမှာလည်း ဘယ်သူမှ မရှိတော့။

"ယွန်းဂီ ... ယွန်းဂီ"

အသာလှုပ်နိုးနေတော့ တုတ်တုတ်မှ မလှုပ်တာကြောင့် ဟိုဆော့ အိပ်ပျော်နေတဲ့လူရဲ့နားနားကပ်ကာသာ အော်လိုက်တော့သည်။

"မင်ယွန်းဂီ!"

ဒါတောင် ခေါင်းသာထောင်လာတာ မျက်လုံးကမပွင့်ချင်သေး။ အိပ်မှုန်စုံမွှား မျက်နှာနဲ့ မျက်ခုံးနှစ်ဖက်ကို ကျုံ့ထားကာ ဟိုဆော့ကို မကြည်တဲ့လေသံဖြင့်

"မင်းကြီးတော်မလို့ လာအော်နေတာလား"

ဟိုဆော့ ရုတ်တရက်ကြောင်သွားပြီးမှ ထရယ်ကာ

"နေ့လယ်စာ စားချိန်တောင် ရောက်နေပြီ။ မထသေးဘူးလား"

ယွန်းဂီ မျက်လုံးကို ပွတ်ကာ နာရီကို မော့ကြည့်ရင်း

HeatherWhere stories live. Discover now