02

142 16 6
                                    

ရက်သတ္တပတ်တွေ ကြာပြီးနောက်မှာ ဟိုဆော့နဲ့ယွန်းဂီက ပိုပိုရင်းနှီးလာတယ်။

အခုဆို ယွန်းဂီက စာသင်ချိန်တွေမှာဆိုလည်း အိပ်မငိုက်တော့ဘူး။ ကျောင်းမှာလည်း သူတို့နှစ်ယောက်ကို အမြဲလိုလို အတူတူတွဲတွေ့ရတယ်။ ယွန်းဂီရဲ့ အချိန်ပိုင်းအလုပ်တွေမှာလည်း ဟိုဆော့က ကူတယ်။ တစ်ခါတလေ ယွန်းဂီအလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ၊ တစ်ခါတလေ ယွန်းဂီရဲ့ အိမ်မှာ သူတို့အတူတူ စာလုပ်ဖြစ်ကြတယ်။

သူတို့အချင်းချင်း တစ်ယောက်အကြိုက်တစ်ယောက် သိလာခဲ့ကြတယ်။ တစ်ယောက်အပေါ် တစ်ယောက် အပွင့်လင်းဆုံးဆက်‌ဆံကြတယ်။ တစ်ယောက်သောသူရဲ့မရိုးသားတဲ့ စိတ်တွေက လွဲရင်ပေါ့...

ဖော်ရွေသော်လည်း လူတွေနဲ့ တအားကြီး အရောတဝင်မရှိတဲ့ ဟိုဆော့က ယွန်းဂီအပေါ်တော့ တွယ်တာတတ်လာတယ်။ သူ့ကိုယ်သူ အငယ်ဆိုတာ မေ့မေ့ပြီး ယွန်းဂီအပေါ် ဆရာတအားလုပ်လို့ ယွန်းဂီ ဆဲတာခံရရင် ပိုတောင် ပျော်နေတတ်သေးတယ်။

ယွန်းဂီတစ်ယောက်ကလည်း ပါးစပ်ရယ် လက်ရယ်ကသာ ဆဲတာ ခန္ဓာကိုယ်ကတော့ ဟိုဆော့ ပြောတဲ့အတိုင်း လိုက်လုပ်ပြီးသားပဲ။

နောက်တစ်ခုက ဟိုဆော့ရဲ့ မျက်ဝန်းတွေထဲကို မသိမသာ ခိုးငေးကြည့်တာက ယွန်းဂီရဲ့ကျွမ်းကျင်မှု တစ်ခုဖြစ်လာခဲ့တယ်။ အထူးသဖြင့် နေသာတဲ့နေ့ခင်းတွေမှာ ပြာလွင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သီချင်းလေးညည်းကာ ပြုံးနေတတ်တဲ့ ဟိုဆော့ရဲ့မျက်နှာကို ကြည့်ရတာက ယွန်းဂီကို နေ့သစ်တစ်ခုအတွက် အားအင်သစ် တစ်ခုကို ဖန်တီးပေးသလိုပါပဲ။

ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို သဘောကျနေမိတယ်တဲ့လား။ အဲ့တာကလည်း အချိန်တိုလေးအတွင်းမှာလေ !

"ယွန်းဂီ ... ယွန်းဂီ!"

"ဟမ်! အင်း"

ယွန်းဂီတစ်ယောက် အတွေးလွန်ကာ စားပွဲခုံကို သုတ်နေရင်း ဟိုဆော့ သူ့ပခုံးကိုလာလှုပ်မှ အသိဝင်လာဟန် ပြန်ဖြေသည်။

"ကျွန်တော် ပြောနေတာတွေကို မကြားရအောင် ယွန်းဂီက ဘာတွေတွေးနေလို့လဲ"

HeatherWhere stories live. Discover now