03

142 15 2
                                    

ကမ်းပေးနေတဲ့ ရေဗူးကို ဟိုဆော့မယူမိဘဲ ကမ်းပေးလာတဲ့ လူကို ဖက်ထားမိသည်။
ရွှေအိုရောင် လှိုင်းတွန့်တွန့်ဆံနွယ်များကြားက နှင်းဆီရနံ့သင်းသင်းက ဟိုဆော့ရဲ့စိတ်ကို အစဉ်အမြဲ အေးချမ်းစေခဲ့တာ ဖြစ်သည်။

လွမ်းနေခဲ့ရသည့် ထိုရနံ့ကို နှစ်သက်စွာ နမ်းရှိုက်နေသည့်ဟိုဆော့ကို သူမက ရယ်ကာ ကလေးငယ်တစ်ယောက်လို ကျောပြင်ကို ပွတ်ပေးနေသည်။

သူ့မျက်စိရှေ့က မြင်ကွင်းက ယွန်းဂီအာရုံထဲ ပေါ်တစ်ချက် မပေါ်တစ်ချက်ဖြစ်နေသည်။ အမှန်က သူ့ရဲ့ အမြင်အာရုံမှာ ထင်နေတဲ့ ထိုမြင်ကွင်းကို သူ့မှတ်ဉာဏ်ထဲ မသိမ်းထားချင်မိသည့်အတွက် သူ့ဦးနှောက်မှ ငြင်းပယ်နေခြင်းဟု ဆိုရမည်။ ဆက်လက်မကြည့်ရှူနိုင်တော့သော ထိုမြင်ကွင်းအား ယွန်းဂီကျောပေးကာ အတန်းဘက်သို့သာ ဆက်လျှောက်သွားလိုက်တော့သည်။

ခဏအကြာမှ ပတ်ဝန်းကျင်ကို သတိပြုလာဟန်ရှိတဲ့ ဟိုဆော့က ဖက်ထားရာမှ ဖယ်ခွာကာ တောင်းပန်စကားဆိုသည်။

"ကျွန်တော်.. တစ်ချက် သတိလွတ်သွားတာ။ တောင်းပန်ပါတယ်"

ဟိုဆော့ရဲ့ တောင်းပန်စကားကို သူမက အပြုံးလေးတစ်ချက်ဖြင့် ခေါင်းခါကာ မလိုအပ်ကြောင်း၊ အဆင်ပြေကြောင်း ပြောနေသည်။

.
.
...
.
.
.

မိုးပြာရောင် ဂါဝန်လေးနဲ့ လှပကြော့ရှင်းနေတဲ့ သူမက အပြုံးနုနုတို့ဖြင့် တစ်ခန်းလုံးကို ဝေ့ကြည့်နေသည်။ မိန်းကလေးအချင်းချင်းပင် ငေးယူနိုင်ဖွယ်ကောင်းတဲ့ သူမရဲ့ မျက်နှာသွယ်သွယ်ထက်က နွေးထွေးတဲ့ အပြုံးတို့က ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို ဖော်ဆောင်နေသည်။

"ကဲ ဒီနေ့ ကလေးတို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးစရာရှိတယ်။ ကျောင်းသားဟောင်း တော်တော်များများကတော့ သိပြီးသားပါ"

အတန်းပိုင်ဆရာမရဲ့ စကားသံအဆုံး အခန်းထဲမှ ထိုမမလှလှကို မသိသေးတဲ့ ကျောင်းသားတစ်ချို့က သိတဲ့ကျောင်းသားတွေကို တီးတိုးမေးနေသံကို ယွန်းဂီ ကြားနေရသည်။

"အဲ့မမက ဘယ်သူလဲ"

"လွန်ခဲ့တဲ့ နှစ်နှစ်က ဒီကျောင်းကပဲ အထက်တန်းပြီးသွားတဲ့ မမမင်ချယ်ယောင်း"

HeatherWhere stories live. Discover now