Chapter (2)

320 28 2
                                    

Unicode

ဖုန်းရှီ မနက်နိုးနိုးချင်း ပန်းနယ်မြေကနေထွက်ဖို့ပြင်နေခြိနျလော့လော့မှ အရေးပေါ် အစည်းအဝေးဟုဆွဲခေါ်ရျ်ပါသွားရသည်။

ပန်းနယ်မြေ အဓိကခန်းမ တွင်

"မနေ့ကညက လူ့ပြည်က ကျိုးအင်ပါယာမှာအပြောင်းအလဲ ဖြစ်သွားခဲ့တယ်အဲ့တာကညကောင်းကင်မှာ ဖီးနစ်ရဲ့ပုံသဏ္႑ာန်နဲ့အတူ အမဲရောင်အခိုးအငွေ့တွေက "

"ကျိုးဧကရာဇ်ရဲ့ မိဘုရားခေါင်ပိုင်ရို့မေရဲ့အဆောင်ကိုဆင်းသွားတယ်လို့သိရတယ်"

" အဲ့အဓိပ်ပါယျက နတ်ဧကရာဇ်အစစ်အမှန်မွေးဖွားလာတာဘဲ ဒါပေမယ့် မိခင်ကသေမျိုးဖြစ်နေလို့သွေးမသန့်တဲ့အတွက် ကျိန်စာပါအတူပါလာတယ်"

" အဲ့ကျိန်စာက သုံးလောက ကိုထိခိုက်စေလိုက်မယ် ဒါကြောင့် ဒီနေ့ကစပြီး ပန်းနယ်မြေကိုအတွင်းအပြင်ဝင်ရောက်ခွင့်ပိတ်လိုက်ပြီ "

"ဖုန်းရှီနေခဲ့အုန်း ကျန်တဲ့လူအကုန်ပြန်တော့ "

ခေါင်းဆောင်ကအမိန့်ပေးပြီးတာနဲ့အားလုံးကိုပြန်လွှတ်လိုက်ပေမဲ့ သူ့ကိုတော့ချွင်းချက်အနေနဲ့ခေါ်ထားခဲ့တယ်။

ဖုန်းရှီ ခေါင်းဆောင်မေးတော့မဲ့အချိန်မှာဘဲ ခေါင်းဆောင်ကစကားစလာခဲ့တယ်။

"ဖုန်းရှီ မင်းပန်းနယ်မြေကနေလုံးဝအပြင်မထွက်ပါနဲ့မင်းအတွက်ကောအကုန်လုံးအတွက်ပါအန္တာရယ်ရှိနိုင်တယ် "

ခေါင်းဆောင်ကစကားဆုံးတာနဲ့ သူ့ကိုကြာပန်းပုံစံကျောက်စိမ်းဆွဲပြားလေးကိုထုတ်ပေးလာတယ်။

"ဒီဆွဲပြားကမင်းကိုကာကွယ်ပေးလိမ့်မယ် မင်းအမြဲဆွဲထားပါ။"

ဖုန်းရှီ ဆွဲပြားလေးကို ယူပြီးကြည့်လိုက်တော့ ကြာပန်းအဖြူကိုမှ ရေလှိုင်းအပြာတွေက အပေါ်ကဝှိုက်သွားသည့်ပုံဖော်ထားပြီးအလွန်လှပသည်ကိုတွေ့လိုက်ရသည်။

ခေါင်းဆောင်အရှေ့မှာဘဲဆွဲပြားလေးကိုခါးမှာချိတ်ဆွဲလိုက်သည်။

"မင်းသွားနိုင်ပါပြီ မင်းအပြင်လုံးဝမထွက်ပါဘူးလို့ကတိပေးပါ။"

ဝတ္တုထဲကူးပြောင်းပြီး..ပန်းနတ်ဘုရားဖြစ်လာခြင်း(on going)Where stories live. Discover now