Chapter (6)

205 17 0
                                    

ဖုန်းရှီ ကျိုးဝေ့ရှီရဲ့လမ်းပြမှုနောက်လိုက်နေပေမဲ့ အခုချိန်ထိ တောစပ်ကို မတွေ့သေး။

'မရောက်သေးဘူးလားဟ မိုးမေလင် ငါကအခုမှ နတ်သူငယ်လေးပါနော် အားနည်းတယ်ဟ'

ကျိုးဝေ့ရှီ ဘေးကိုတစ်ချက်ကြည့်လိုက်တော့ သူ့ဘေးက အကောင်သေးသေးလေးက မောနေကာ ဆက်မလျှောက်နိုင်တော့ပေ။

သူလဲ လျှောက်လက်စကိုရပ်ကာ

" ငါတို့ ဒီနေ့အပြင်ထွက်နိုင်မှာမဟုတ်ဘူး တောကညဘက်ဆို အန္တာရယ် များတယ်"

''ဒီတစ်ည တောထဲမှာဘဲနားရလိမ့်မယ်''

ကျိုးဝေ့ရှီ စိတ်မရှည် တော့ သူ့ရှေ့က ဝါးခြမ်း ပြားလေးကို မင်းသမီးတွေလို ချီလိုက်တာကြောင့် ဖုန်းရှီ မောနေတာပါပျောက်သွားရသည်။

'ချီး ဘာဖြစ်သွားတာလဲ '

'ဟေ့ချပေးစမ်း '

ဖုန်းရှီ အပြင်တွင်တော့အသံမထွက် ဇိမ်ခံနေသောကြောင့် အသံပင်မထွက်တော့ချေ။

နောက်ဆုံး ကျိုးဝေ့ရှီ သူ့ကို ကျောက်တုံး တစ်ခုပေါ် ချပေးမှအသိဝင်လာသည်။

''ကျေးဇူးပါ ကျိုးကော ''

သူ ဘေးကို ဝေ့ကြည့်လိုက်တော့ ဂူတစ်ဂူတွင်ညဖြစ်ကြောင်းသိလိုက်ရသည်။

ထိုအချိန် ကျိုးဝေ့ရှီက

"ငါတို့ဒီည ဒီဂူထဲမှာ အနားယူကြမယ် "

ကျိုးဝေ့ရှီ ပြောပြီးသည်နှင့် ထောင့်တစ်ထုကိုသွားကာ ထိုင်နေသည်။

ကြည့်ရတာ ကျင့်ကြံနေတာနဲ့ပိုတူသည်။

ဖုန်းရှီ စောင့်ကြည့်နေရင်းနဲ့ ကျိုးဝေ့ရှီ တစ်ကိုယ်လုံးတွင် ချွေးစေးများထွက်လာကာ ညည်းသံပင်ထွက်လာခဲ့သည်။

"ဟင်း.......အား....အား..''
(တို့က အင်နိုးစန့်လေးမို့ညည်းသံမရေးတတ်ပါ)

ဖုန်းရှီ လန့်ဖြန့်သွားကာ system မှလဲ တစ်ပြိုင်နက် အသံထွက်လာခဲ့သည်။

[ဒင် ကျိုးဝေ့ရှီ ၏အတွင်းဒဏ်ရာများ ထကြွလာပါသည်။ မြန်မြန်ကုသပေးဖို့လိုပါသည်။]

ထိုစက်ရုပ်သံကြောင့် ဖုန်းရှီ ကျိုးဝေ့ရှီနားသွားကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

[​host မြန်မြန် ဟို ကြာပွင့်ဖတ်ကိုဆင့်ခေါ်]

ရီဖုန်းရဲ့စကားကြောင့် ဖုန်းရှီ အာရုံထွေပြားသွားကာ

'ဒါပေမဲ့အဲ့တာက သူ့ရဲ့ သိုလှောင် အိတ်ထဲမှာလေ ငါယူလို့မှမရတာ'

[host ငပိန်း hostက သုံးလောကရဲ့ ရှေးနတ်ဘုရား ဖြစ်တဲ့ ပန်းနတ်ဘုရား ရဲ့သားလေ ကျန်တဲ့လူတွေမရပေမဲ့ hostကမတူဘူး ပန်းတိုင်းက hostရဲ့ လက်အောက်မှာဘဲ အခုမြန်မြန် မဟုတ်ရင်နောက်ကျသွားမယ်]

ရီဖုန်းရဲ့ ခပ်လော လော စကားကြောင့် ဖုန်းရှီ သူ့စိတ်ထဲ ပွင့်ဖတ်ကို စိတ်တွေးလိုက်တာနဲ့ သူ့ရှေ့ကို ပျံထွက်လာခဲ့သည်။

[အဲ့ပွင့်ဖတ်ကို hostရဲ့ဝိဉာဉ် စွမ်းအားနဲ့ ချေလိုက်ပြီးရင် သူ့ ပါးစပ်ထဲကိုထည့်ပေး]

ဖုန်းရှီ လက်ညိုးနဲ့လက်ခလယ်ကို ပွင့်ဖတ်ဆီ ညွှန်ကာ သူ့ဝိဉာဉ် စွမ်အားတွေ လွှဲပြောင်းလိုက်သည်။ ပွင့်ဖတ်က သူ့ ဝိဉာဉ် စွမ်းအားနဲ့ထိတာနဲ့ကြေမွသွားကာ စွမ်းအင်တွေနဲ့အတူ ရောထွေးသွားခဲ့သည်။

ဖုန်းရှီ သူ့လက်ကို ကျိုးဝေ့ရှီ ထံညွှန်လိုက်တာနဲ့ ကြေမွနေတဲ့ပွင့်ဖတ်နဲ့ သူ့ ဝိဉာဉ် စွမ်အားတွေက ကျိုးဝေ့ရှီ ရဲ့ပါးစပ်ထဲကိုစီးဝင်သွားခဲ့သည်။

ဖုန်းရှီ လက်ကိုမရုတ်ဘဲ စည်းတံဆိပ်တစ်ချို့ပုံဖော်ကာ သူ့စွမ်းအားတွေ လွှဲပြောင်းပေးကာ ကျိုးဝေ့ရှီ ကိုကုသပေးနေခဒ့သည်။

အချိန်ဘယ်လောက်ကြာသွားသည် မသိ နေထွက်လာကာ နေရောင်ကဂူထဲဝင်လာမှ ကျိုးဝေ့ရှီ မျက်စိပွင့်လာခဲ့သည်။

ကျိုးဝေ့ရှီ သူ့နာကျင်မှုတွေသက်သာသွားတာကြောင့် အံ့သြနေတုန်း သူ့ရှေ့မှ အလောင်းထပ်တောင် ဖြူဖျော့နေတဲ့ ကောင်လေးကြောင့် လန့်သွားလေသည်။

အားနည်းပြီး ဖြူဖျော့နေတာတောင် လှနေသေးတဲ့ အနှီကောင်လေးကို ကျိုးဝေ့ရှီ ငေးနေမိသည်။

နက်မှောင်ပြီး ခါးထိရှည်တဲ့ဆံနွယ်တွေ မက်မွန်ပွင့်လို မျက်ဝန်း နှာတံလုံးလုံးလေးနဲ့ နှုတ်ခမ်းမထူမပါးလေးက အလွန်ကို ပနံ သင့်နေသည်။

တစ်ဖက် system space တွင်တော့

'မင်း ဘာလို့ ကြိုမပြောတာလဲ ငါအစွမ်းအများကြီးသုံးရင် ၃နာရီ အိပ်ပျော်သွားမယ်ဆိုတာကို '

[hostကလဲ ပထမကအဲ့လိုကန့်သတ်ချက်မရှိဘူး host အစွမ်းတွေ ချိတ်ပိတ်သွားလို့ သာ ရှိလာတာ]

'အေး အဲ့လို ချိတ်ပိတ်တာကလဲ မင်းတို့ကြောင့်လေ'

system လေး ရီဖုန်းခမျာ အဆူခံနေရလေသည်။




ဝတ္တုထဲကူးပြောင်းပြီး..ပန်းနတ်ဘုရားဖြစ်လာခြင်း(on going)Where stories live. Discover now