Chapter (7)

192 19 2
                                    

အချိန်ကန့်သတ်ချက်ပြည့်သွားတာနဲ့ ဖုန်းရှီ နိုးလာကာ စိမ်းသက်နေတဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကို ေလ့လာနေခဲ့သည်။

"အယ် ငါဘယ်ရောက်နေတာလဲ "

''ကျိုးကော ကကောဘယ်မှာတုန်းဟ''

ဖုန်းရှီ ကုတင်ပေါ်ကထကာ တံခါးဆီပြေးကာ ဖွင့်ခံနီးတွင် တံခါးကပွင့်လာကာ သူ့အရှေ့တွင် ရင်အုပ် အကြီးကြီးကပိတ်ထားကာ ကွယ်ထားသည်။

ဖုန်းရှီ မော့ကြည့်လိုက်ချိန် ငွေရောင်ဆံပင်တွေက နေအလင်းကိုကာထားတာကြောင့် တောက်ပနေကာ ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်နေသလို စစ်နတ်ဘုရားတစ်ပါးရဲ့အရှိန်အဝါအပြည့်ပေးနေတဲ့သူ့ရဲ့ကျိုးကောပါဘဲ။

"ကျိုး..ကျိုးကော"

''ကျွန်တော်တို့ ဘယ်မှာလဲ''

''ကိုယ်တို့ နန်းတော်ထဲမှာ အတိအကျဆို ကျိုးအင်ပါယာရဲ့ နန်းတော် ကိုယ့် အနောက်..အဟမ်း ကိုယ့်ရဲ့ နန်းဆောင်ထဲမှာ''

''ေအာ် ''

''ဗိုက်ဆာပြီလား မနက်စာစားဖို့လာခေါ်တာ''

ထိုအချိန် အချိန်ကိုက်ပင် ဖုန်းရှီ ရဲ့ဗိုက်မှာအသံထမြည်လေသည်။

''မင်းဖြေစရာမလိုတော့ဘူးထင်တယ် ''

ကျိုးဝေ့ရှီ ရဲ့မျက်နှာတွင်လှောင်ပြုံးများပြည့်နေသောကြောင့် ဖုန်းရှီ မျက်နှာတစ်ခုလုံးနီသွားကာ ခေါင်းငုံ့ထားလေသည်။

ကျိုးဝေ့ရှီ သူ့ရှေ့တွင် နီရဲနေတာ ခရမ်းချဥ်သီး ဘဝပြောင်းတော့မဲ့ လူကို စကားလမ်းကြောင်းပြောင်းလိုက်သည်ယ။

''မင်း အဝတ်အစားအရင်လဲသင့်တယ် ဒီလို အတွင်းဝတ်နဲ့ထွက်လို့ဘယ်ဖြစ်မလဲ''

ထိုစကားကြောင့် ဖုန်းရှီ သူ့ကိုယ်သူငုံ့ကြည့်လိုက်ရာ တစ်ကယ်ကို အတွင်းဝတ်အဖြူသာ ဝတ်ထားကြောင်းတွေ့လိုက်တာကြောင့်နီနေတဲ့မျက်နှာက ပိုနီသွားကာ ကုတင်ဆီပြေးသွားခဲ့သည်။

ကျိုးဝေ့ရှီ ကမျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ လိုက်သွားကာ ခုံပေါ်တွင် တက်ထားသည့် ဝတ်စုံကို ယူကာ ဖုန်းရှီ ကိုပေးလိုက်ကာ

ဝတ္တုထဲကူးပြောင်းပြီး..ပန်းနတ်ဘုရားဖြစ်လာခြင်း(on going)Where stories live. Discover now