Chapter (3)

260 33 0
                                    

unicode

ဖုန်းရှီ ပွင့်ချပ်အသွင်နဲ့ လွငလွင့်လာကာနောက်ဆုံးတွင်ဂိတ်ရှိရာမြို့ကိုရောက်လာခဲ့သည

မြို့ဝင်ပေါက်နားမရောက်မှီ သစ်တောအစပ်နားတွင်ဆင်းလိုက်ကာ မြို့ဝင်ပေါက်သို့ လမ်းဘဲလျှောက်လာလိုက်သည်။

ဝင်ပေါက်ကိုရောက်တာနဲ့မြင်လိုက်ရတာက စည်းကားတဲ့လူတန်းကြီးနဲ့ ဝင်ပေါက်ရဲ့ဘေးနှစ်ဘက်ရှိနတ်ရုပ်ထုနှင့်မိစ်ဆာရုပ်ထုကသူ့ကိုဖမ်းစားထားသလိုခံစားလိုက်ရသည်။

မိစ္ဆာ ၊နတ်၊သားရဲ စတဲ့သက်ရှိတွေက မြို့ကိုဝင်ဖို့ တန်းစီနေကြပြီး ဝင်ပေါက်ရဲ့ညာဘက်ရှိနတ်ရုပ်ထုနှင့်ဘယ်ဘက်ရှိမိစ်ဆာရုပ်ထုတို့ကသက်ဝင်နေပြီးမြို့သို့ဝင်ရန်စောင့်ဆိုင်းနေတဲ့လူတန်းကြီးကို စောင့်ကြည့်နေသလိုပင်။

ဖုန်းရှီ အခြားသူများနည်းတူ တန်းစီကာစောင့်နေရင်း ခနအကြာတွင် သူ့အလှည့်ရောက်လာပြီး ဝင်ပေါက်တွင်လူအသွင်ပြောင်း သားရဲတစ်ကောင်ကဝင်ကြေးတောင်းလာခဲ့တယ်။

"နတ်သူငယ်လေးဝင်ဖို့ဆိုအဆင့်နိမ့်နတ်ကျောက်မြတ် တစ်တုံးပေးရမယ်"

'နတ်ကျောက်မြတ် ကဘာတုန်းဟ ရီဖုန်းရေလုပ်ပါအုန်း..ငါ့မွာဘာမွမပါဘူး'

[host နတ်ကျောက်မြတ်ဆိုတာ ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခုဘဲ ဒါပေမဲ့သူ့ကို ငွေကြေးအနေနဲ့လဲသုံးကြတယ် ]

[အခုတော့hostရဲ့ရိုးရိုးအမှတ်သုံးပြီးဝယ်လို့ရတယ်
အဆင့်နိမ့်ကျောက်မြတ်၁၀၀ကိုရိုးရိုးအမှတ်၁၀နဲ့ လဲမလားhost]

'မြန်မြန်လဲ ငါ့ကိုဝါးစားမတက်ကြည့်နေတယ်ရှေ့ကနွားက'

ဖုန်းရှီကကျောက်မြတ်ထုတ်မပေးသေးတာကြောင့်ရှေ့ကနွားတစ်ပိုင်းလူတစ်ပိုင်းသားရဲက သူ့ကိုစားမတက်ဝါးမတက်စိုက်ကြည့်နေသည်။

[ပြီးပါပြီhost သိုလှောင်လက်စွပ်ထဲတိုက်ရိုက်ထည့်ပေးထားတယ်]

ဖုန်းရှီ သိုလှောင်လက်စွပ်ထဲကအဆင့်နိမ့်နတ်ကျောက်မြတ်တစ်တုံးကိုထုတ်ပေးလိုက်တာနဲ့ နွားသားရဲကသူ့ကိုလမ်းဖယ်ပေးလာတယ်။

ဝတ္တုထဲကူးပြောင်းပြီး..ပန်းနတ်ဘုရားဖြစ်လာခြင်း(on going)Where stories live. Discover now