Chapter (5)

187 20 5
                                    

ကျိုးဝေ့ရှီနဲ့အတူ တောလမ်းတစ်လျှောက် နှစ်ယောက်လုံးတိတ်ဆိတ်စွာနဲ့ဘဲ လျှောက်လာခဲ့တယ်။

နောက်ဆုံးထိုတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာကဖုန်းရှီတိ​ု့ရဲ့ရှေ့တည့်တည့် ရှိ နေရာမှတိုက်ခိုက်သံပင်။

ထိုအချိန် ကျိုးဝေ့ရှီက ဓားကိုဆွဲထုတ်ကာ ဖုန်း
ရှီကိုအနောက်ပို့ပြီး အရှေ့ကို သတိနဲ့ကြည့်နေသည်။

ထိုအချိန် ဖုန်းရှီကလဲ

'ရီဖုန်း အဝေးကိုကြည့်လို့ရတဲ့အရာမရှိဘူးလား'

[ရှိတယ် host သူက လောကမျက်လုံးလို့ ခေါ်တယ် အဝေးကြီး ကိုကြည့်လို့ရတယ် ဘေးလူကိုလဲ မြင်ရအောင်လုပ်လို့ရတယ်]

'အခုချက်ချင်း ဝယ်မယ် မြန်မြန် '

[အိုခေ ပြီးပြီ host]

ရီဖုန်းရဲ့စကားဆုံးတာနဲ့ သူ့မျက်လုံးတွေနွေးသွားကာ ရွှေဝါရောင်သန်းလာခဲ့သည်။

သူ့အရှေ့ မီတာ၅၀အကွာတွင် ဝတ်ရုံအစိမ်များနှင့် လူတစ်စုနှင့် အပြာရောင် ဝတ်ထားတဲ့လူတစ်စုကတိုက်ခိုက်နေကြသည်။

ဖုန်းရှီ ကျိုးဝေ့ရှီကို ပါ မြင်ရအောင် ကျိုးဝေ့ရှီရဲ့ နှဖူးကိုထိလိုက်သည်။

ဝေ့ရှီ ခဏတာ ကြောင်သွားပေမဲ့ သူ့အရှေ့တွင် ပေါ်လာတဲ့ မြင်ကွင်းကြောင့်ပိုမိုအံ့သြသွားလေသည်။

သူကြည့်လိုက်ချိန် ဝတ်ရုံစိမ်းတွေကိုတွေ့လိုက်ရတာကြောင့် သူ့ဓားကိုတင်းတင်းဆုပ်ကာ ဆက်ကြည့်နေခဲ့သည်။

ဖုန်းရှီ ကတော့ ကျိုးဝေ့ရှီကို မြင်ရအောင်လုပ်ပေးပြီးတာနဲ့ သူဆက်မကြည့်တော့ပေ။

နောက်ဆုံးတွင် တိုက်ပွဲကပြီးသွားကာ ဝတ်ရုံစိမ်းနဲ့လူများကထွက်သွားသွားလေသည်။

အပြာရောင် ဝတ်ထားတဲ့လူတွေကလဲ အနောက်ကလိုက်တာနဲ့ အဆုံးသတ်သွားသည်။

ပွဲကိုကြည့်ပြီးတာနဲ့ ကျိုးဝေ့ရှီက သူ့ဘက်လှည့်လာကာ မျက်လုံးမ​ျားက သိချင်စိတ်ပြင်းပြနေသည်။

"အာ .."

"ပြဿနာရှိလို့လားဗျ"

ဖုန်းရှီ ေကြာင်တောင်တောင်ဖြစ်ကာ မေးလိုက်သည်။

ဝတ္တုထဲကူးပြောင်းပြီး..ပန်းနတ်ဘုရားဖြစ်လာခြင်း(on going)Where stories live. Discover now