မန္တလေး ကားလမ်းမကြီး၏ ဘေး ။ လူသွားလမ်းဘောင်၌ "တေးသံ" ဆိုသော လူငယ်လေး တစ်ယောက် မရပ်မနား ပြေးနေ၏
ကြည့်ရတာ မောပန်းနေပုံရပေမဲ့ ရှေ့သို့သာ ဦးတည်ပြေးနေသည်မှာ တစ်စုံတစ်ရာ ကြောင့်များလား ။
မကြာမီ တစ်ထပ်အိမ် ပုံသဏ္ဍာန် တိုက်အိမ်ထဲသို့ ဝင်သွားလိုက်သည်။ အိမ်က သေးပေမဲ့ သပ်ရပ်သန့်ရှင်းနေ၏
"မေမေ ခင်ဗျ တေး ပြန်ရောက်ပြီ ။"
"တေးသံ ပြောစမ်းပါဦး ။ ဘာလို့ နောက်ကျရတာလည်း။ LYT cafe လူကျနေလို့တော့ မပြောနဲ့နော် "
အမေ့ဖြစ်သူ ဒေါ်ဒေဝီ စကားမဆုံးသေးခင်မှာပဲ တေးသံတစ်ယောက် သူ၏ အိတ်ထဲရှိ ပိုက်ဆံ တစ်သောင်းတန် အုပ်အား အမေဖြစ်သူထံ ပေးလိုက်၏
"မေမေ...... တေး ကို ဘာမှ ပြန်မမေးပါနဲ့နော် ။ဒါ တေးရဲ့cafe ဆိုင် က ရတဲ့ ဝင်ငွေ ကို မေမေ ကို ကန်တော့တယ် ။ တေး ရေချိုးပြီ အိပ်တော့မှာမို့ မေမေ မဆူပါနဲ့တော့နော် ။ "
ထိုသို့ပြောပြီး သူ၏ အခန်းရှိရာဘက်သို့ တေးသံ လျှောက်သွားလိုက်၏။ လွန်ခဲ့တဲ့ 2နှစ်ခန့်က ဖခင်ဆုံးပါးသွားပြီဖြစ်လို့ စီးပွားရေး ကြပ်တည််းလှသည် ။ ထိုအခြေနေမှ ရုန်းထွက်ရန် LYT နံမည်ရှိ ကိုယ်ပိုင် cafe ဆိုင်လေး ဖွင့်ကာ ဘဝကို ရုန်းကန်နေရ၏
မိန်းလေး ရှုံးအောင် လှတဲ့အပြင် စိတ်ထားလေးက သူမတူအောင်မို့ ချစ်သူ ခင်သူ ပေါ များလို့ပင်။
တေးသံ တစ်ယောက် အိပ်ယာထဲ၌ လူးလိမ့်ရင်း အိပ်ပျော်ရန် ကြိုးစားယူနေသည်။အိမ် အပြန် လမ်း ၌ တွေ့ခဲ့သည့် ခပ်ချောချော ကောင်လေး တစ်ယောက်ကြောင့် ရင်ခုန်နှုန်း ထိန်းမရချေ။
လွန်ခဲ့သော တစ်နာရီ ခန့်က.
ညဥ့်နက်တော့မှာမို့ တေးသံတစ်ယောက် LYT cafe ဆိုင် အား ပိတ်သိမ်းပြီး အိမ်သို့ လမ်းလျှောက်၍ပင် ပြန်ခဲ့၏
ထိုစဥ် လူဆိုးတွေလား ခါးပိုက်နှိုက်တွေလားမသိ တေးသံ နောက်သို့ မျက်ခြေမပျက် လိုက်လာနေ၏ ။ ညဥ့်နက်လှပြီဖြစ်၍ ထိုလမ်း၌ လူခြေတိတ်လှသည်။
YOU ARE READING
မယားပါသား
Romanceယောကျာ်း 3 ယောက်ကို ဘယ်လို ပေတံမျိုးနဲ့တိုင်းတာပြီး ချစ်လို့ရမလဲဟင်