ယောကျာ်းလေး တစ်ယောက်ကို ပထမဆုံး ရင်ခုန်မိတာမို့ သူ့အကြောင်းအကုန်သိချင်တာ မမှားဘူးမလား။
"ဒါနဲ့ ညီ အမေက ဒီဆေးရုံမှာ ကုသခွင့် ခံယူနေတာလား"
"ဟုတ် "
"စိတ်မရှိရင်လေ ညီ ig acc လေး ပေးလို့ ရမလားဟင်"
ထိုစကားကြောင့် တေးသံ ကြောင် အ မိသည်။ ခပ်ချောချော အမျိုးသားက သူဆီက ig acc လာတောင်းနေတာ ဘာသဘောလည်းပေါ့။
သဘောရိုးသူ ပီပီ တေးသံ သူ့ဖုန်းအား ထုတ်၍ သူ့ရဲ့ ig အား အပ်ရန် ig wall ပြလိုက်၏
Tay Thiam ( တေးသံ)
ထိုနံမည်ကို ခွန်းသူရိန်လင်း လွန်စွာ ရင်းနှီးနေမိသည်။
တေးသံ တေးသံ တေးသံ ဆိုသည့် နံမည်အား ထပ်ခါထပ်ခါ စိတ်ထဲမှ ရွတ်ဆိုနေမိ၏ မကြာပါ နီရဲနေသော အမုန်းမီးတောက်တွေနှင့် မျက်ဝန်းတစ်စုံက ခွန်းသူရိန်လင်း ၌ ။ပထမဆုံး ချစ်ရသူမို့ ရင်ထဲ ခလုခလုပင်။
"ညီနာမည်က တေးသံ လား"
"ဟုတ် ။ ဘာဖြစ်လို့လည်း"
"LYY cafe owner တေးသံ ဆိုတာ မင်းပေါ့"
တေးသံ ကတော့ မသိအပြုံးလေး ပြုံးမိသည်။ တစ်ဖက်က ခွန်းသူရိန်လင်း က မကောင်းကြံတော့မည်ကို သိမယ်မထင်။
"ဒါဆို Sorry ပါဗျာ။ ကျနော့်က နံမည်ပဲ ကြားဖူးတာ ။ လူကတော့ ခုမှ မြင်ဖူးတာမို့ပါ။ TGI CEO ဦးခွန်ဥက္ကာ က ဆိုင်ခွဲကိစ္စအတွက် ဆွေးနွေးစရာ ရှိလို့ တေးသံကို ခေါ်ခိုင်းဖို့ လွှတ်လိုက်တာပါဗျ။ "
"ဦး က လား ။ "
မင်း က ငါ့အဖေကို ဦးတဲ့လား။ ပိုင်းလုံးကောင် မင်းက သိပ်ဖြစ်နေမှတော့ တွေ့ကြတာပေါ့။
"ဟုတ်ကဲ့ဗျ ကားပေါ်တက်ပါဗျ "
တေးသံလည်း ဦးခွန်ဥက္ကာ ခေါ်ခိုင်းသည်အထင်နှင့်ပင် ကားပေါ်သို့ ယုံကြည်စွာ တတ်လိုက်၏
တေးသံကို ဒူးဘိုင်း မှာ ခေါ်ထားပြီး ဘဝဖျက်ပစ်လို့ အားရ ရင် ပြန်လွှတ်မယ်ဆိုသော အတွေးနှင့် ခွန်းသူရိန်လင်း တစ်ယောက် လေဆိတ်သို့ ထွက်ခွာလာ၏
![](https://img.wattpad.com/cover/354890874-288-k233715.jpg)
YOU ARE READING
မယားပါသား
Romanceယောကျာ်း 3 ယောက်ကို ဘယ်လို ပေတံမျိုးနဲ့တိုင်းတာပြီး ချစ်လို့ရမလဲဟင်