တေးသံ အိမ်ကို တန်းမပြန်ဘဲ ဆေးရုံ၌ ဒေါ်ဒေဝီအား
ဝင်ကြည့်ဖြစ်၏ ။ ဒေါ်ဒေဝီ အိပ်နေ၍ မိခင်ဖြစ်သူဘေး
ဝင်ထိုင်ကာ ရှုပ်ထွေးနေသော အခြေအနေကြောင့် ပြန်စဥ်းစားတိုင်း
စိတ်ရှုတ်မိ၏"ငါဘဝက ဘာတွေ ဖြစ်နေမှန်းကို နားမလည်တော့ဘူး။
ကြာရင် ရူးမိတော့မယ် ။ ခွန်းသူရမောင် ကို ချစ်တယ်
ခွန်းသူရိန်လင်း ကို ကွာရှင်းလို့ မဖြစ်ပြန်ဘူး ဦးခွန်ဥက္ကာ ကိုလည်း
သနားမိပြန်တယ် ။ ဟူး.............။ "သက်ပြင်းရှည်ကြီး ချ မိပြီး မိခင်ဖြစ်သူ အခန်းထဲမှ ထွက်လာလိုက်ပြီး ဆေးရုံ ကော်ဖီဆိုင်၌ Bubble Tea သောက်ရန် ဝယ်နေစဥ်
ဆံပင်အလယ်ခွဲထားပြီး အသားဖြူဖြူ အရပ်6' လောက်ရှိမည့်
အဆင်ပုံစံနှင့် ဆရာဝန် တစ်ယောက် တေးဘေး၌ လာရပ်ပြီး
တေးကို ပြုံးပြလို့ တေးပြန်ပြုံးပြလိုက်၏"အမ ဘယ်လောက် ကျလည်း "
"5000ပါ ရှင့် "
တေး ခုမှ သတိရတယ်။ တေးမှာ ပိုက်ဆံမှ ပါမလာတာ။ ထို့ကြောင့် ခပ်ချောချောနှင့် ဆရာဝန်က ပိုက်ဆံဝင်ရှင်းလိုက်၏
"ကျနော်ရှင်းလိုက်ပါ့မယ်ဗျ ။ အမ ဒီမှာဗျ Bubble teaဖိုး"
"ကျမတို့ ယူလို့ မရပါဘူးရှင့် ။ တေးသံ က သူဌေး ဦးခွန်ဥက္ကာ ရဲ့
မိသားစုဝင်ဖြစ်နေတာကြောင့် Free card ပါရှင်"ဦးခွန်ဥက္ကာ ဆိုသည့် အသံကြားတော့ ထိုဆရာဝန် မျက်နှာ
တစ်မျိုးပင် ပြောင်းသွား၏"တေးသံကို ကြည့်ရတာ စိတ်ညစ်နေသလိုပဲနော်
ကျနော်ကို တေးသံ ခွင့်ပြုမယ်ဆိုရင် ဆေးရုံ ခေါင်မိုးထက်က
ရှုခင်းတွေကို ကြည့်ဖို့ ဖိတ်ခေါ်ချင်တယ် "တေးလည်း စိတ်အနည်းငယ် ရှုတ်ထွေးတာကြောင့် ထိုဆရာဝန်
ခေါ်ရာသို့ လိုက်သွားလိုက်၏"ဝိုး.... မန္တလေး တစ်မြိုးလုံးကို ဒီခေါင်းမိုးပေါ်က ကြည့်နေရတာ
တကယ် လှတာပဲ ။ အစက ဒီလိုနေရာရှိမှန်းသာ သိရင် ဒီလို
မြင်ကွင်းကို စောစော ကြည့်လို့ ရမှာ ။ ဒေါက်တာကို ကျေးဇူး
တင်ပါတယ်နော်""ကျနော် နံမည်က နက်ရှိုင်း ပါဗျ ။ ကျနော်တို့ သူငယ်ချင်းလုပ်ကြမလားဟင် ။ ကျနော်က မနေ့ကမှ ဒီဆေးရုံမှာ အလုပ်သင် အနေနဲ့
လာတာဆိုတော့ သူငယ်ချင်း မရှိလို့ပါ"

YOU ARE READING
မယားပါသား
Любовные романыယောကျာ်း 3 ယောက်ကို ဘယ်လို ပေတံမျိုးနဲ့တိုင်းတာပြီး ချစ်လို့ရမလဲဟင်