"တောင်းပန်ပါတယ် တေး ။ ငါ မင်းကို ချစ်တဲ့ အရိပ်အရောင် မပြနိင်သေးတာ ရက်စက်တယ်လို့ မထင်လိုက်ပါနဲ့နော် ။ ပထမဆုံး စတွေ့ကတည်းက ချစ်မိသွားတဲ့ ငါကို မင်းက လူယုတ်မာလို့ ထင်နေမှာပေါ့ ။ "
ဝရံနာ ထက်မှာ ဆေးလိပ်သောက်ရင်း တစ်ယောက်တည်း တွေးမိနေသော ခွန်းသူရိန်လင်း ။
ထိုနည်းတူစွာ ဦးခွန်ဥက္ကာ တစ်ယောက် တေးကို စိတ်ချမ်းသာဖို့
ကွယ်ရာက ဖန်တီးပေးမည်။ ရစ်ချက်နှင့် တေးမိခင် အခြေအနေ
ဖုန်းဆက်မေးနေ၏"ရစ်ချက် တေးအမေ အခြေအနေရော အဆင်ပြေလား"
"သူဌေးရော အဆင်ပြေလာဟင် ။ အခုဆို တေးကို ချစ်ရတာ
ပိုပြီး ခက်ခဲသွားမှာပေါ့နော်""ဟူး.... အေးကွာ ငါ အဲ့အကြောင်းတွေးမိတိုင်း ငါ့ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်နေပြီ ရူးတော့မှာပဲ "
"သူဌေး တေးကို ဖွင့်ပြောလိုက်သင့်ပြီ ။ ခွန်းသူရိန်လင်း နဲ့
ခွန်းသူရမောင် တို့ မရှိတဲ့ အဝေးတစ်နေရာကို တေးကို ခေါ်
သွားပြီး ရင်ဖွင့်လိုက်ဗျာ ။ ဒါဆို သူဌေး အတွက် အဆင်ပြေ
သွားလိမ့်မယ်"ဦးခွန်ဥက္ကာ အနည်းငယ် စဥ်းစားမိပါရဲ့ ။ တေးကို သူချစ်နေတယ်ဆိုတာ တေးသိခွင့်တော့ ရှိသေးတယ်မလား။ ဘာပဲ ဖြစ်ဖြစ် အရှုံးနဲ့ အမြတ်ပဲ လေ
"Ok မနက်ဖြန် LYT ကိစ္စနဲ့ တေးကို အပြင်ခေါ်သွားလိုက်မယ် ။
ငါချစ်နေတဲ့အကြောင်း တေးသိအောင် ဖွင့်ပြောမှ ရမယ်"ဒါက အခြအနေတစ်ခုကို ပြောင်းလဲသွားစေမလား ။
အဖေတစ်ယောက်အနေနဲ့ အတ္တကြီးမိပြီလား ဆိုတဲ့
အတွေးများကို ဖယ်ထုတ်ကာ လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်မိ၏မနက်အလင်းရောင်က စိတ်လှုပ်ရှားမှု အပြည့်နှင့်
လင်းလက်လာ၏ထိုအလင်းရောင်နှင့်အတူ ခွန်းသူရိန်လင်း တစ်ယောက် တေးကို
နက်ရှိုင်းသော အသံနှင့် နှိုးနေ၏"တေး... တေး.. အခုထ မင်းကိုငါ စောစောထရမယ် ပြောမထားမိဘူးလား ဟမ်။ ငါစားဖို့ မင်းကိုယ်တိုင် ချက်ရမယ် ဆိုတာ
နည်းနည်းလေးမှ နားမလည်ဘူးလား ။ ကိုယ်ယောကျာ်းက
မနက်ဆို အလုပ်သွားရမှာလေ မင်း ဝတ္တရားနားမလည်ဘူးလား"
YOU ARE READING
မယားပါသား
Romanceယောကျာ်း 3 ယောက်ကို ဘယ်လို ပေတံမျိုးနဲ့တိုင်းတာပြီး ချစ်လို့ရမလဲဟင်