"မင်္ဂလာပါ ရှင့် ယနေ့မှာတော့ ကမ္ဘာ့top စာရင်းဝင် The Global International စီးပွားရေး ကုမ္ပဏီမှ မန္တလေး အခြေစိုက် LYT cafe နှင့် ရှယ်ယာများစွာ ပြုလုပ်ထားတယ်လို့ သတင်းရရှိထားပါတယ်ရှင်။ ဒီကိစ္စ နှင့် ပတ်သတ်၍ ယနေ့ထိ သူဌေးဦးခွန်ဥက္ကာမှ ပြောကြားထားခြင်းမရှိပါဘူးရှင့် ။ မကြာခင် သတင်းထူများနှင့် ပြန်လာပါမယ်ရှင်။ ကျေးဇူးတင်ပါတယ်"
ထိုသတင်းက ပြည်တွင်းပြည်ပ ဆီသို့ တခန အတွင်းပင် ပြန့်နှံ့သွားသည်။ စီးပွားရေးကို လုံးဝ စိတ်မဝင်စားသော ခွန်းသူရမောင် ကတော့ မသိချေ။
"သားတေး တစ်ခုခုတော့ တစ်ခုခုပဲ။ သူတို့လို့ ကမ္ဘာကျော် ကုမ္ပဏီ တစ်ခုက LYT နဲ့ ပူးပေါင်းရှယ်ယာ လုပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလာ"
"ဖြစ်နိုင်တာပေါ့ မေမေရဲ့ ။ သူတို့က တေးတို့ထက် စီးပွားရေး အမြင် ပိုရှိကြတယ်မလား။ ဘယ်သူမဆို အရှုံးခံပြီးတော့ ပူးပေါင်းမှာမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် LYT လို Local ပဲ ကျော်ကြားတဲ့ တေးတို့ဆိုင်က နေ့ချင်းညချင်း နံမည်ကြီးသွားပြီလေ။ အခုဆို ဆိုင်ခွဲတွေအများကြီး ဖွင့်ဖို့ သူတို့ကိုယ်တိုင် တာဝန်ယူနေတာဆိုတော့ တေးတို့မှာ အရှုံးမရှိပါဘူး မေမေရဲ့"
"ဟုတ်ပါပြီ ရှင့် ။ အဟွတ် ဟွတ် အဟွတ်"
တေး၏ အမေ ဒေါ်ဒေဝီ တစ်ယောက် ပြောနေရင်း ချောင်းရပ်မရအောင် ဆိုးမိနေသည်။
"ဟင် မေမေ ဘာဖြစ်တာလည်း ။ ခနနော် တေးရေးခပ်ပေးမယ်"
"အဟွတ် ဟွတ် အင့် အဟွတ် အော့ အဟွတ်"
"သွေး... သွေးတွေ ။ မဖြစ်ဘူး ဆေးရုံသွားမယ် ။
တေးသံ တစ်ယောက် မိခင်ဖြစ်သူ ချောင်းဆိုးရာမှ သွေးပါသော အခြေအနေကို အတော် စိုးရိမ်မိနေသည်။
ဆေးရုံ၌
ပါရဂူများကိုယ်တိုင် ဒေါ်ဒေဝီ စစ်ဆေးနေသည်။ ရလဒ်ကတော့ ထွက်မလာသေးချေ။
တေးသံ၏ စိတ်ပူခြင်းက ဦးခွန်ဥက္ကာ၏ စိတ်ပူခြင်းနှင့် အတူတူပင်ဖြစ်တာမို့ ရစ်ချက်၏ သတင်းပေးမှုကြောင့် ဦးခွန်ဥက္ကာတစ်ယောက် တေးသံရှိရာ ဆေးရုံသို့ ရောက်လာသည်။
![](https://img.wattpad.com/cover/354890874-288-k233715.jpg)
YOU ARE READING
မယားပါသား
Romanceယောကျာ်း 3 ယောက်ကို ဘယ်လို ပေတံမျိုးနဲ့တိုင်းတာပြီး ချစ်လို့ရမလဲဟင်