အထက်တန်း ပထမနှစ်..
"ရား...ရီခီ...မင်းတစ်ဖြည်းဖြည်းနဲ့အတင့်ရဲလာတာဘဲ..ကောင်းပြီလေ မင်းကိုပညာပေးရမှာပေါ့.."
ခွပ်..
မျက်နှာကိုချိန်ရွယ်ပြီးအထိုးခံလိုက်ရတယ်။
တစ်ချက်ထဲနဲ့လဲကျသွားခဲ့တယ်။"အဟား ပျော့လိုက်တာမင်းက.."
"ငါ မင်းလို ဦးနှောက်မရှိတဲ့သူတွေနဲ့ စကားမပြောချင်မဘူး.."
"ဘာပြောတယ်!!!!"
"ရှင်းရှင်းလေးဘဲလေ ငါ့ကိုသွားခွင့်ပြုပါ..."
"ရား ရီခီ...."
ထိုလူဟာ ဒေါသထွက်ထွက်နဲ့ နီခီ့ရဲ့ င်္အကျီကော်လံကိုဆွဲကာ နံရံအနောက်ကို ကပ်လိုက်ကာ သူ့ခန္ဓာကိုယ်နဲ့ ကာထားတော့တယ်။
"ခဗျား ဘာပြောအုံးမလို့လဲ..."
"စကားကောင်းကောင်းတော့ပြောရမှာပေါ့ မင်းရဲ့ စီနီယာကို..."
"ကျုပ်က မပြောချင်ဘူးဆိုရင်ရော.."
"မပြောချင်ဘူးဆိုရင်တော့ ငါက ဘာကောင်လဲဆိုတာပြရသေးတာပေါ့.."
နီခီ့ရဲ့ လည်တိုင်ကို ထိုသူဟာ သူ့လက်ဖဝါးအကြီးကြီးနဲ့ ညှစ်ထားတော့တယ်။နီခီခဗျာ အသက်ရှုရပ်မတက်ဘဲ..
တစ်ဖြည်းဖြည်းနဲ့ တင်းကြပ်လာခဲ့တယ်။အသက်ရှုရတာလဲပိုပြီး ခက်ခဲလာခဲ့တယ်။
"အဟား မင်းခံနိုင်စွမ်းကုန်ပြီမလား..အခုမှအစဘဲရှိသေးတာကို..ဘယ်လိုလုပ်ရမလဲ.."
"အော် ဟုတ်သားဘဲ မင်းက ဘယ်ခံနိုင်ပါ့မလဲ...စောက်ရမ်းပျော့ဖက်လွန်းတဲ့ gay ကောင်ကို...."
မျက်လုံးတွေအမှောင်ကျသွားကာ အသိစိတ်လည်းလွတ်ခါနီးလေး အသံတစ်သံကြားလိုက်ရတယ်။
ထိုအသံဟာ သူ့နားကလူကိုဆွဲခေါ်ကာ ထိုးနှပ်နေတဲ့အသံ..
ထိုအခါမှနီခီလဲ လဲကျသွားတော့တယ်။
တစ်ဖြည်းဖြည်း အားယူပြီး မျက်လုံးကိုဖွင့်လိုက်တော့ မျက်စိရှေ့ကမြင်ကွင်းကိုကြောင်ကြည့်နေမိတယ်။
YOU ARE READING
Survivor
Horrorဘာလို့ငါလဲ..... ဘာအကြောင်းပြချက်တွေကြောင့်လဲ.. ကြောက်တယ် ဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်တယ်