အီဟီဆွန်း...အထက်တန်းတတိယနှစ်(ခ)နောက်ဆုံးနှစ်၊ကျောင်းကိုယ်စားပြု ဘေ့စ်ဘောလက်ရွေးစင်..နီခီကို အရင်ကတည်းက သဘောကျနေခဲ့တာဖြစ်တယ်။မောင်နှမတွေမရှိဘဲ တစ်ယောက်ထဲနေတယ်။ဂျယ်ယွန်းတို့ရဲ့ အိမ်နီးနားချင်း..
'ငါ...ငါ..သေသွားပြီလား..'
"ဟေ့လူ...လုပ်အုံး.."
နီခီ့ရဲ့အော်သံကြောင့် သတိဝင်လာတော့တယ်။
သူ့ရဲ့အရှေ့က ဇွန်ဘီးကို လက်နဲ့ထိန်းထားခဲ့တယ်။
ဂါး...ဂါး...
ဟီဆွန်းလဲ အမြန်ဘဲ ဇွန်ဘီကို အပြင်ကိုတွန်းပို့လိုက်တော့တယ်။
အခန်းတံခါးကိုအမြန်ပိတ်ပြီး ဇွန်ဘီးတွေကိုမမြင်နိုင်အောင် နံရံမှာ သတင်းစာတွေကပ်ထားခဲ့တယ်။
"ကျေးဇူးဘဲ...နီခီ.."
"အဲ ရပါတယ် နောက်ဆို အပြင်ကို စွတ်မထွက်နဲ့ တော်သေးတာပေါ့ ကျောင်းသားတစ်ယောက်ထပ်ရောက်လာလို့.."
"ဟုတ်ပါပြီ...ငါတို့တွေ အချင်းချင်းသိထားဖို့လိုတယ်..ငါက ဟီဆွန်း.အီဟီဆွန်း."(hee)
"ကျွန်တော်က နီခီ..နီရှီမူရ ရီခီ.."(Niki)
"ကျွန်တော်က ဆောနူ ကင်မ်ဆောနူ.."(sunoo)
"ကျွန်တော်က ရှင်မ်းဂျယ်ယွန်း.."(Jake)
"ငါက ဟေဂျွန်(Kim Haejoon) အထက်တန်းနောက်ဆုံးနှစ်.."
ရုတ်တရက် ဂျယ်ယွန်းဆီကို ဖုန်းတစ်ကော ဝင်လာခဲ့တယ်..
-
🩸
-(ဟယ်လို..)
(ငါ ဂျေး..မင်းဘယ်မှာလဲ..)
(ဂျေး...တော်သေးတာပေါ့ မင်းအသက်ရှင်သေးတာဘဲ ဆောင်ဟွန်းရော..ပြီးတော့ ဆယ်ရာရော သူကောဘယ်မှာလဲ..)
(ဆောင်ဟွန်းလဲအဆင်ပြေတယ် ဆယ်ရာ...ဆယ်ရာက...တောင်းပန်ပါတယ် ငါတို့ ဆယ်ရာကို မကူညီလိုက်နိုင်ဘူး)
ဂျေးရဲ့ စကားကြောင့် ဂျယ်ယွန်းတစ်ယောက် အရုပ်ကြိုးပျက်သလို ကြမ်းပြင်ပေါ်ကို ထိုင်ချမိတယ်။ မျက်ရည်တွေကလည်း အစမတန် ကျဆင်းလာခဲ့တယ်။
(မင်း ဝမ်းနည်းနေမှာ ငါသိပါတယ် အခု မင်းတို့ဆီမှာ ဆောနူဆိုတဲ့ကောင်လေးရှိလား..)
YOU ARE READING
Survivor
Horrorဘာလို့ငါလဲ..... ဘာအကြောင်းပြချက်တွေကြောင့်လဲ.. ကြောက်တယ် ဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်တယ်