သူတို့အပြင်ရောက်ပြီး ဘယ်လောက်မှမကြာပါဘူး ဇွန်ဘီးတွေဟာသူတို့နောက်ကို ပြေးလိုက်လာခဲ့တယ်။အဲ့တာနဲ့ရှစ်ယောက်သား ခြေကုန်သုတ်ပြေးရတော့တယ်။
ပြေးရင်းကျောင်းအပြင်ကိုရောက်လာခဲ့ပြီ။ကားတံခါးဖွင့်နေတဲ့ကားတစ်စီးကိုတွေ့တော့ ဂျေးဟာထိုကားဆီကိုပြေးသွားတော့တယ်။
ကျန်တဲ့သူတွေဟာ ကားနားမကပ်အောင်ကားကွယ်နေကြပေမဲ့ ဇွန်ဘီးတွေဟာပိုပိုများလာခဲ့တယ်။
"ဂျေး ကားစက်နှိုးလို့မပြီးသေးဘူးလား ထိန်းလို့မနိုင်တော့ဘူး.."(ဂျယ်ယွန်း)
"စက်နှိုးဖို့ သော့ကကျပ်နေတယ်လှည့်မရဘူး.."(ဂျေး)
"မြန်မြန်ဟ...အကုန်သေကုန်တော့မယ်.."(ဂျယ်ယွန်း)
vroom..vroom..
"ရပြီကွ...အကုန်လုံးကားပေါ်တက်.."(ဂျေး)
"ကလေးတို့အရင်တက် ဆရာထိန်းထားပေးမယ်.."(ဆူဘင်)
"ဟုတ် နီခီ..ဂျောင်ဝန်း..ဆောနူ မင်းတို့သုံးယောက်အရငါတက်.."(ဟီဆွန်း)
"ဆောင်းဟွန်း..ဂျယ်ယွန်းတက်တော့.."(ဆူဘင်)
"ဆရာလာအတူတူတက်ကြမယ်.."(ဟီဆွန်း)
"အင်း.."
ဟီဆွန်းရော ဆူဘင်ကော ကားပေါ်ခုန်တက်လိုက်တာနဲ့တစ်ပြိုင်နက် ဂျေးလည်းကားစက်နှိုးကာအမြန်ထွက်လာခဲ့တော့တယ်။
တံခါးပိတ်လိုက်မဲ့အချိန်မှာ...
ဒုန်း....
"အား.."(ဆောနူအော်သံ)
"ဆရာ.."(ဂျောင်ဝန်း)
ဒိုင်း...
နောက်ထပ်ဒုတိယအကြိမ်မြောက် သေနတ်ပစ်လိုက်တယ်။
"ဆရာ အဆင်ပြေရဲ့လား.."(ဟီဆွန်း)
"အင်း အဆင်ပြေတယ်.."(ဆူဘင်)
ကားပေါ်ရောက်မှဘဲသူတို့တွေ အေးအေးဆေးဆေးအနားယူရတော့တယ်။ဆောင်းဟွန်းဟာ ဂျေးရဲ့ဘေးထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ဆောနူနဲ့ဂျောင်ဝန်းဟာ တစ်ယောက်ပုခုံးတစ်ယောက်မှီပြီး အိပ်ပျော်သွားတောတယ်။ဂျယ်ယွန်းလည်းအခုမှာအမောဖြေရတော့တယ်။
YOU ARE READING
Survivor
Horrorဘာလို့ငါလဲ..... ဘာအကြောင်းပြချက်တွေကြောင့်လဲ.. ကြောက်တယ် ဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်တယ်