In the past..
"သားဂျယ်ယွန်း..တစ်ခုခုစားသွားအုံးလေ.."
"တော်ပြီ မား မစားတော့ဘူး..ဆယ်ရာသွားရအောင်"
"အစောကြီးရှိသေးတာကို ဘာတွေလောနေတာလဲ"
"လာစမ်းပါ.."
"အေးပါဟာ.."
-
-
-
ဂျယ်ယွန်းရော ဆယ်ရာရော ဆရာတွေနားနေခန်းနားမှာ ကုတ်ချောင်းကုတ်ချောင်းနဲ့အလုပ်ရှုပ်နေကြတယ်။"ဝင်သွားလေ.."(ဆယ်ရာ)
"ငါကြောက်တယ်ဟ..."
"ဆရာဆူဘင်းကို တွေ့တာများဘာတွေကြောက်နေတာလဲ.."
"ငါ..ငါ.."
"ဖယ် ငါဘဲဝင်သွားတော့မယ်.."
"ဆယ်ရာ ဟေး ဟေး"
ဆယ်ရာဟာ ထပြီးတော့ နားနေခန်းထဲကို ဝင်သွားတော့တယ်။
"အာညော် ဆရာဆူဘင်း"
"အော် ဆယ်ရာ ဘာပြောစရာရှိလို့လဲ.."
"အော် သမီးပြောစရာရှိတာမဟုတ်ဘူး ဂျယ်ယွန်းရှိတာ.."
တံခါးရှေ့နားလေးမှာ ကုတ်ချောင်းကုတ်ချောင်းလုပ်နေတဲ့ ဂျယ်ယွန်းကို ဆယ်ရာကလက်ညှိုးထိုးပြလိုက်တယ်။
ဂျယ်ယွန်းဟာသူ့ဘက်ကိုလှည့်ကြည့်လာတဲ့ ဆရာ့ကြောင့် တံခါးနောက်ကိုအမြန်ပြေးပုန်းမိတယ်..။
နှလုံးခုန်နှုန်းတွေတစ်ဖြည်းဖြည်းမြန်လာတယ်။
"အဲ့တာဆို ဆရာ သမီးသွားတော့မယ်နော်"
"အော် အင်း ဆယ်ရာ.."
အခန်းထဲထွက်လာတဲ့ ဆယ်ရာဟာ ဂျယ်ယွန်းကိုကြည့်ကာ စကားတစ်ခွန်းပြောခဲ့တယ်။
"ဖိုက်တင်းပါ ဘရို"
ဂျယ်ယွန်းလဲ တိတ်တိတ်လေး ကျိန်ဆဲနေမိတယ်။
ဂျယ်ယွန်းဟာသူ့စိတ်ကိုလျှော့ပြီး တံခါးကနေ ဆူဘင်းကိုပြန်ချောင်းဖို့လုပ်လိုက်တဲ့အချိန်မှာ-
"အမလေး.."
သူ့နားရောက်လာတဲ့ဆရာ့ကြောင့် လန့်သွားမိတယ်။
"ဂျယ်ယွန်းလေး ဆရာ့ကိုဘာပြောစရာရှိလို့လဲ.."
"အယ်..ဟို..ဟိုဟာလေ.."
YOU ARE READING
Survivor
Horrorဘာလို့ငါလဲ..... ဘာအကြောင်းပြချက်တွေကြောင့်လဲ.. ကြောက်တယ် ဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်တယ်