ဆောင်းဟွန်းနဲ့ ဂျောင်ဝန်း တံခါးအရှေ့ကနေ ချောင်းကြည့်နေတုန်း အသံတစ်သံကြားလို့ အနောက်ကိုလှည့်ကြည့်မိတယ်။
"ဂျောင်ဝန်း.."
"ဟုတ် ဟျောင်း.."
"အသံကြားတယ်မလား"
"ကြားတယ် ဇွန်ဘီလားမသိဘူး.."
"ဟုတ်လောက်မယ်"
ဆောင်းဟွန်းလဲ ဘေ့စ်ဘောတုတ်ကို ကိုင်ကာ အသံကြားရာဆီကို တည့်တည့်လျှောက်သွားလိုက်တယ်။ဂျောင်ဝန်းလဲအနောက်ကနေ အသာလေးလိုက်သွားတယ်။
ထိုအချိန်မှာ ပုံးတွေထောင်ထားတာတွေဟာလဲကျကုန်ပြီး တစ်စုံတစ်ခုကိုမြင်လိုက်ရတယ်။
ဆောင်းဟွန်းလည်း ကြောက်အားလန့်အားနဲ့ ထိုအရာကို ရိုက်ချလိုက်တယ်။
ခွပ်..
အမလေး..
ထိုအခါမှာ အသံဆာဆာလေးထွက်လာတော့တယ်။
"ဂျယ်အိခု.."
"ရား ပတ်ခ်ဆောင်းဟွန်း.."
"ဂျေး..မင်းတို့ ဘယ်ခွေးတိုးပေါက် ဝင်လာကြတာလဲ.."(ဆောင်းဟွန်း)
"နီခီက အနောက်ပေါက်ရှိတယ်ပြောလို့..အဲ့တာ...အခုလောလောဆယ် နီခီ ခြေထောက်ထိလာတယ်..ဆေးထည့်ရမယ်.."(ဂျေး)
"ဆောနူ.."(ဂျောင်ဝန်း)
"ဂျောင်ဝန်း..."(ဆောနူ)
ဆောနူရော ဂျောင်ဝန်းရော အချင်းချင်းတွေ့တာနဲ့ ပြေးဖက်တော့တယ်။
ဟီဆွန်းဟာ နီခီ့ရဲ့ ဒဏ်ရာကို ဆေးသေချာထည့်ပေးနေခဲ့တယ်။ ဂျယ်ယွန်းခေါင်းမှာတော့ ဆောင်းဟွန်းတုတ်နဲ့ရိုက်ထားတဲ့အတွက်ကြောင့် အာလူးသီးလေးလုံးထွက်နေတော့တယ်။
ဟေဂျွန်ဟာ သူ့ပစ္စည်းဖွက်တတ်တဲ့နေရာကိုသွားပြီး သူ့ပစ္စည်းတွေ စစ်နေခဲ့တယ်။
"ဂျုံဆောင်..ငါ့ပစ္စည်းတွေရော.."(ဟေဂျွန်)
"ဒီမှာ..."(ဂျေး)
ဂျေးဟာ ဟေဂျွန့်ပစ္စည်းတွေကို ပြန်ပေးပြီး တစ်ခုမေးလိုက်တယ်။
"ဟျောင်း ဒီသေနတ်က....ဟျောင်းဟာလား.."
ဟေဂျွန်လဲ ကြည့်လိုက်ပြီး..
YOU ARE READING
Survivor
Horrorဘာလို့ငါလဲ..... ဘာအကြောင်းပြချက်တွေကြောင့်လဲ.. ကြောက်တယ် ဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်တယ်